[Zawgyi]

ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ Realme ဟန္းဆက္တစ္ခုဟာ Bezel-less Display အၾကီးတစ္ခုနဲ႔ Pop-up ကင္မရာတုိ႔ျဖင့္ TENAA ေပၚမွာ ေရာက္လာခဲ့ပါတယ္။ ဒီဟန္းဆက္ကိုေတာ့ အသိမွတ္ျပဳခံစဥ္မွာ RMX1901 လို႔ အမည္ေပးထားၿပီး ယေန႔မွာေတာ့ သူ႕ရဲ႕နာမည္အစစ္ “Realme X” လို႔ေခၚတယ္ဆုိတာကို Realme ရဲ႕ Chief Marketing Officer ျဖစ္သူ Xu Qi Chase ထံမွ သိခြင့္ရခဲ့ပါၿပီ။

ကုမၸဏီရဲ႕ CMO ၾကီးဟာ ဖုန္းအသစ္ရဲ႕အမည္အစစ္ကို သူ႕ Weibo ပိုစ့္မွာ တင္ခဲ့တာျဖစ္ပါတယ္။ Realme ကုမၸဏီရဲ႕ Theme Song အသစ္ကို မၾကာေသးခင္က ထုတ္လႊင့္ခဲ့ၿပီး အဲ့ဒီသီခ်င္းဗီဒီယုိထဲမွာလည္း မိတ္မဆက္ရေသးတဲ့ ဖုန္းအသစ္ကို စကၠန္႔အနည္းငယ္ထည့္ျပခဲ့ပါေသးတယ္။

သီခ်င္းထဲက ဖုန္းဟာ TENAA မွာျမင္ခဲ့ရတဲ့ RMX1909 ေမာ္ဒယ္နဲ႔အတူတူပါပဲ။ ေလာေလာဆယ္ သိထားရတဲ့ ဒီဖုန္းရဲ႕ Specs ေတြကေတာ့ 6.5” လက္မ FHD+ Display ၊ 16MP Pop-up ဆယ္ဖီကင္မရာနဲ႔ 3,680 mAh ဘကၳရီတုိ႔ပါပဲ။

Realme X ဖုန္းဟာ တရုတ္ျပည္တြင္းမွာေတာ့ Realme 3 Pro နဲ႔အတူတကြ ပြဲထြက္လာမယ္လို႔ ယူဆရပါတယ္။ Realme 3 Pro ဟာ အိႏၵိယေစ်းကြက္မွာေတာ့ ေရာင္းခ်ေနပါၿပီ။ Realme ဟာ မိခင္တရုတ္ျပည္ ေစ်းကြက္သုိ႔ ျပန္လည္ေျခခ်လာမယ္လို႔ ေၾကျငာခဲ့ေပမယ့္ ပထမဆုံးထုတ္ကုန္သစ္ မိတ္ဆက္ပြဲကို ရက္စြဲမသတ္မွတ္ရေသးပါဘူး။ ဒါေပမယ့္ ေမလအတြင္းမွာ ျဖစ္မွာပါ။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ Realme ဟန်းဆက်တစ်ခုဟာ Bezel-less Display အကြီးတစ်ခုနဲ့ Pop-up ကင်မရာတို့ဖြင့် TENAA ပေါ်မှာ ရောက်လာခဲ့ပါတယ်။ ဒီဟန်းဆက်ကိုတော့ အသိမှတ်ပြုခံစဉ်မှာ RMX1901 လို့ အမည်ပေးထားပြီး ယနေ့မှာတော့ သူ့ရဲ့နာမည်အစစ် “Realme X” လို့ခေါ်တယ်ဆိုတာကို Realme ရဲ့ Chief Marketing Officer ဖြစ်သူ Xu Qi Chase ထံမှ သိခွင့်ရခဲ့ပါပြီ။

ကုမ္ပဏီရဲ့ CMO ကြီးဟာ ဖုန်းအသစ်ရဲ့အမည်အစစ်ကို သူ့ Weibo ပိုစ့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ Realme ကုမ္ပဏီရဲ့ Theme Song အသစ်ကို မကြာသေးခင်က ထုတ်လွှင့်ခဲ့ပြီး အဲ့ဒီသီချင်းဗီဒီယိုထဲမှာလည်း မိတ်မဆက်ရသေးတဲ့ ဖုန်းအသစ်ကို စက္ကန့်အနည်းငယ်ထည့်ပြခဲ့ပါသေးတယ်။

သီချင်းထဲက ဖုန်းဟာ TENAA မှာမြင်ခဲ့ရတဲ့ RMX1909 မော်ဒယ်နဲ့အတူတူပါပဲ။ လောလောဆယ် သိထားရတဲ့ ဒီဖုန်းရဲ့ Specs တွေကတော့ 6.5” လက်မ FHD+ Display ၊ 16MP Pop-up ဆယ်ဖီကင်မရာနဲ့ 3,680 mAh ဘက္ထရီတို့ပါပဲ။

Realme X ဖုန်းဟာ တရုတ်ပြည်တွင်းမှာတော့ Realme 3 Pro နဲ့အတူတကွ ပွဲထွက်လာမယ်လို့ ယူဆရပါတယ်။ Realme 3 Pro ဟာ အိန္ဒိယဈေးကွက်မှာတော့ ရောင်းချနေပါပြီ။ Realme ဟာ မိခင်တရုတ်ပြည် ဈေးကွက်သို့ ပြန်လည်ခြေချလာမယ်လို့ ကြေငြာခဲ့ပေမယ့် ပထမဆုံးထုတ်ကုန်သစ် မိတ်ဆက်ပွဲကို ရက်စွဲမသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် မေလအတွင်းမှာ ဖြစ်မှာပါ။

Ref – GSM Arena