Zawgyi

အခုျမင္ရမယ့္ ဓါတ္ပုံဟာ ဂ်ပန္အေျခစုိက္နည္းပညာကုမၸဏီႀကီး Sony ရဲ႕ထုတ္ကုန္သစ္လို႔ ယူဆရတဲ့ အမည္မသိစမတ္ဖုန္းတစ္လုံးပါ။ သူ႕မွာ Glass ေနာက္ေက်ာနဲ႔ Purple ကာလာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

အခုခ်ိန္ထိ Triple-camera ပါတဲ့ Sony စမတ္ဖုန္းဆုိလုိ႔ တစ္လုံးပဲရွိေသးၿပီး အဲ့ဒါကေတာ့ အခုႏွစ္စမွာ မိတ္ဆက္လာခဲ့တဲ့ Xperia 1 ပါပဲ။ ဒါေပမယ့္ Xperia 1 မွာတုန္းက Triple-camera အတြဲဟာ ေနာက္ေက်ာဘက္ အလည္ေခါင္တည့္တည့္မွာ တည္ရွိေနခဲ့ၿပီး အခုပုံထဲကလုိ အေပၚဘယ္ဘက္ေထာင့္မွာ မဟုတ္တဲ့အတြက္ ဒါဟာ ေနာက္ထပ္ဖုန္းအသစ္တစ္လုံးဆုိတာ ေသခ်ာပါတယ္။

အမည္မသိ Sony ဖုန္းသစ္ရဲ႕နာမည္ကိုေတာ့ ကၽြန္ေတာ္တုိ႔အေနနဲ႔ ခန္႔မွန္းရုံပဲတတ္ႏုိင္ေပမယ့္ တရုတ္ ဘေလာ့ဂါတစ္ဦးျဖစ္တဲ့ Zackbuks ဆုိသူကေတာ့ ဒီဖုန္းရဲ႕နာမည္ဟာ Sony Xperia 1v သို႔မဟုတ္ 1s အျဖစ္ ပြဲထြက္လာမွာျဖစ္ၿပီး ဇူလိုင္ ၉ ရက္ေန႔မွာ ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕မွာပဲ မိတ္ဆက္လာမယ္လို႔ ထုတ္ေဖာ္ေျပာၾကားလာခဲ့ပါတယ္။

ဒါေပမယ့္ သူ႕ကိုယုံၾကည္ဖုိ႔ အေထာက္အထားမရွိေသးသလို သူကိုယ္တုိင္ကလည္း ဖုန္းရဲ႕အတြင္းပုိင္း Specs ေတြကို မသိေသးပါဘူး။ Sony Xperia 1 ဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီက မိတ္ဆက္ခဲ့ၿပီး သူ႕ရဲ႕မ်ဳိးဆက္သစ္ Xperia 2 ကိုေတာ့ စက္တင္ဘာမွာလာမယ့္ IFA သို႔မဟုတ္ ၂၀၂၀ ႏွစ္စပုိင္းမွာ က်င္းပမယ့္ ေနာက္ႏွစ္ MWC ပြဲက်မွ ျမင္ရေတာ့မွာပါ။

Xperia 1v / 1s ဖုန္းအသစ္ဟာ LCD Display, Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ Triple-camera တုိ႔ကို သုံးစြဲလာႏုိင္ၿပီး Flagship ေမာ္ဒယ္ျဖစ္တဲ့ Xperia 1 ထက္ ေစ်းပိုခ်ဳိတဲ့ဗားရွင္းျဖစ္မယ္လို႔ ခန္႔မွန္းရပါတယ္။ 1v သို႔မဟုတ္ 1s တစ္ခုခုအစား နာမည္ႏွစ္မ်ဳိးစလုံးနဲ႔ဗားရွင္းႏွစ္ခုလည္း ထြက္လာႏုိင္တာပါပဲ။ လာမယ့္လပုိင္းအတြင္း သူနဲ႔ပတ္သက္တဲ့သတင္းေတြ ထပ္ေပၚထြက္လာမယ္လို႔ ေမွ်ာ္လင့္ရၿပီး Xperia စမတ္ဖုန္းခ်စ္သူေတြအေနနဲ႔ေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

အခုမြင်ရမယ့် ဓါတ်ပုံဟာ ဂျပန်အခြေစိုက်နည်းပညာကုမ္ပဏီကြီး Sony ရဲ့ထုတ်ကုန်သစ်လို့ ယူဆရတဲ့ အမည်မသိစမတ်ဖုန်းတစ်လုံးပါ။ သူ့မှာ Glass နောက်ကျောနဲ့ Purple ကာလာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အခုချိန်ထိ Triple-camera ပါတဲ့ Sony စမတ်ဖုန်းဆိုလို့ တစ်လုံးပဲရှိသေးပြီး အဲ့ဒါကတော့ အခုနှစ်စမှာ မိတ်ဆက်လာခဲ့တဲ့ Xperia 1 ပါပဲ။ ဒါပေမယ့် Xperia 1 မှာတုန်းက Triple-camera အတွဲဟာ နောက်ကျောဘက် အလည်ခေါင်တည့်တည့်မှာ တည်ရှိနေခဲ့ပြီး အခုပုံထဲကလို အပေါ်ဘယ်ဘက်ထောင့်မှာ မဟုတ်တဲ့အတွက် ဒါဟာ နောက်ထပ်ဖုန်းအသစ်တစ်လုံးဆိုတာ သေချာပါတယ်။

အမည်မသိ Sony ဖုန်းသစ်ရဲ့နာမည်ကိုတော့ ကျွန်တော်တို့အနေနဲ့ ခန့်မှန်းရုံပဲတတ်နိုင်ပေမယ့် တရုတ် ဘလော့ဂါတစ်ဦးဖြစ်တဲ့ Zackbuks ဆိုသူကတော့ ဒီဖုန်းရဲ့နာမည်ဟာ Sony Xperia 1v သို့မဟုတ် 1s အဖြစ် ပွဲထွက်လာမှာဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာပဲ မိတ်ဆက်လာမယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ဒါပေမယ့် သူ့ကိုယုံကြည်ဖို့ အထောက်အထားမရှိသေးသလို သူကိုယ်တိုင်ကလည်း ဖုန်းရဲ့အတွင်းပိုင်း Specs တွေကို မသိသေးပါဘူး။ Sony Xperia 1 ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီက မိတ်ဆက်ခဲ့ပြီး သူ့ရဲ့မျိုးဆက်သစ် Xperia 2 ကိုတော့ စက်တင်ဘာမှာလာမယ့် IFA သို့မဟုတ် ၂၀၂၀ နှစ်စပိုင်းမှာ ကျင်းပမယ့် နောက်နှစ် MWC ပွဲကျမှ မြင်ရတော့မှာပါ။

Xperia 1v / 1s ဖုန်းအသစ်ဟာ LCD Display, Snapdragon 855 ချစ်ပ်ဆက်နဲ့ Triple-camera တို့ကို သုံးစွဲလာနိုင်ပြီး Flagship မော်ဒယ်ဖြစ်တဲ့ Xperia 1 ထက် ဈေးပိုချိုတဲ့ဗားရှင်းဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ 1v သို့မဟုတ် 1s တစ်ခုခုအစား နာမည်နှစ်မျိုးစလုံးနဲ့ဗားရှင်းနှစ်ခုလည်း ထွက်လာနိုင်တာပါပဲ။ လာမယ့်လပိုင်းအတွင်း သူနဲ့ပတ်သက်တဲ့သတင်းတွေ ထပ်ပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပြီး Xperia စမတ်ဖုန်းချစ်သူတွေအနေနဲ့တော့ စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena