Unicode

Vivo V17 စမတ်ဖုန်းသစ်ကို ပြီးခဲ့တဲ့လက ရုရှားဈေးကွက်မှာ မိတ်ဆက်ခဲ့ပြီးသားဖြစ်ပေမယ့် ယခုအခါ တူညီတဲ့ နာမည်နဲ့ ဖုန်းတစ်လုံးဟာ မတူညီတဲ့ ဒီဇိုင်းနဲ့ အိန္ဒိယဈေးကွက်ထဲ ထပ်ရောက်လာဦးမှာဖြစ်ပါတယ်။ ဒီဖုန်းရဲ့နောက်ဘက်မှာ L ပုံသဏ္ဍာန် တပ်ဆင်ထားတဲ့ ကင်မရာလေးလုံးနဲ့ Punch-hole ပုံစံ Selfie ကင်မရာတို့ပါဝင်ပြီး ယနေ့မှာ Hands-on ပုံရိပ်များပါဝင်လာတဲ့ ဗီဒီယိုလေးတစ်ခု ထွက်ရှိလာခဲ့ပါတယ်။

သတင်းရင်းမြစ်တွေအရတော့ ဒီဟန်းဆက်ဟာ Snapdragon 675 ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး မန်မိုရီက 8/128 GB အတွဲဖြစ်မယ်လို့ဆိုပါတယ်။ နောက်ဘက်ကင်မရာလေးလုံးကတော့ အဓိက 48MP + 8MP Wide-angel + 2MP Depth Sensor + 2MP Macro Lens လေးခု ထည့်သွင်းလာမှာပါ။ ရှေ့ဘက်မှာ 32MP Selfie ကင်မရာတစ်လုံး ပါဝင်မယ်လို့ဆိုပါတယ်။

ဒီဗီဒီယိုနဲ့အတူ ထွက်ပေါ်လာတဲ့အထဲမှာ အသစ်စက်စက် ကင်မရာနဲ့ ရိုက်ယူထားတဲ့ Camera Sample တွေ ပါပေမယ့် အင်တာနက်ပေါ် Upload ပြုလုပ်ဖို့ Compressed လုပ်ထားရတဲ့အတွက် ကင်မရာရဲ့ Aperture, ISO နဲ့ အခြား အချက်အလက်တွေကို ထင်ရှားစွာ အကဲမဖြတ်နိုင်တာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။

Vivo V17 မှာ Fingerprint ကိုလည်း မမြင်ရတဲ့အတွက် Display ကို OLED Panel အသုံးပြုပြီး In-display Fingerprint ထည့်လာတယ်လို့ ယူဆနိုင်ပါတယ်။ ဒီဖုန်းမှာ 4,500 mAh ဘက္ထရီနဲ့ အနည်းဆုံး 18W အားသွင်းစနစ်တို့ ပါဝင်မယ်လို့ ယူဆရပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အိန္ဒိယရူပီး ၂၂၉၉၀ (မြန်မာငွေ လေးသိန်းရှစ်သောင်းကျော်) လောက်ကျသင့်မယ်လို့ ဆိုပါတယ်။

Ref – GSM Arena

Zawgyi





Ref – GSM Arena