Open-source နည်းပညာတွေကို ဖန်တီးနေတဲ့ ဂျာမနီ ကုမ္ပဏီ Hallo Welt Systeme က Volla Phone X23 အမည်ရ ဖုန်း အသစ် ၁ လုံးကို မကြာခင်က ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းမှာ Android နဲ့ iOS ကို မသုံးထားဘဲ User တွေ ဖုန်းကို ပိုမို ထိန်းချုပ်နိုင်တဲ့ Open-source Operating System ထည့်သွင်းထားပါတယ်။

Volla Phone X23

Volla Phone X23 အတွက် Volla OS ပါတဲ့ မော်ဒယ်နဲ့ Ubuntu Touch ပါတဲ့ မော်ဒယ်တွေ ထုတ်လုပ်ထားပါတယ်။ ၅၂၂ ယူရို ( ၅၅၈ ဒေါ်လာ ဝန်းကျင်)နဲ့ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလမှာ စတင် ပို့ဆောင်မှာပါ။ Volla OS Version မှာ Android App အများစုကို သုံးနိုင်ပြီး Ubuntu Touch မှာတော့ မသုံးနိုင်ပါဘူး။

Volla Phone X23

Volla Phone X23 မှာ MediaTek Helio G99 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါပါတယ်။ ၆.၁ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 16MP ကင်မရာနဲ့ အနောက်ဘက်မှာ 48MP+8MP ကင်မရာ ၂ လုံး ပါပါတယ်။ 30W Wired နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Volla Phone X23 ဟာ အကြမ်းခံတဲ့ ဖုန်း ဖြစ်ပြီး MIL-STD-810H စံနှုန်း ပါပါတယ်။ မာကျောကာ မြင့်မားတဲ့ အပူချိန်၊ အမြင့်က ပြုတ်ကျတာနဲ့ တုန်ခါတွေကို ခံနိုင်ပါတယ်။ IP68 ရေစိုခံစံနှုန်း ပါလာပြီး ဘက်ထရီကို လွယ်ကူစွာ ဖြုတ်လဲနိုင်ပါတယ်။

Volla Phone X23 ဟာ ဖုန်းကို ပိုမို ထိန်းချုပ်ချင်တဲ့ သူတွေအတွက် သင့်တော်ပြီး အကြမ်းခံတဲ့ဖုန်း လိုချင်သူတွေအတွက် ရွေးချယ်စရာ ဖြစ်ပါတယ်။

Ref : gizchina