realme ကတော့ ဂိမ်းကစားရတာ ကြိုက်တဲ့လူငယ်တွေ စိတ်တိုင်းကျမဲ့ ဖုန်းသစ်တစ်မျိုးကို ယူဆောင်လာပြန်ပါပြီ။ အဲဒါကတော့ realme 13 (5G) ပါ။

ဘာတွေပိုကောင်းလဲ၊ ဘာတွေ ထူးခြားလဲလို့မေးရင်တော့ ကြိုက်သလောက် ဂိမ်း ကစား ဖုန်းမပူဘူး။ အားလည်း အကြာကြီးခံတယ်။ ပြီးတော့ အားသွင်းရတာလည်း မြန်မယ်။ အဲဒါတွေထက် ပိုပြီးအရေးကြီးတာက Refresh Rate ကလည်း လန်းပြီး FPS (Frame rate) အငြိမ်နဲ့ ကစားလို့ ရတယ်ဆိုတာပါပဲ။

အခု ပြောလိုက်တဲ့အချက်တွေက ဂိမ်းကစားတဲ့သူတိုင်းအတွက် အသက် ပဲ မဟုတ်လား။ အဲဒီ အဓိက အချက်တွေကို realme 13 (5G) က ဖြည့်ဆည်းပေးမယ်လို့ ဆိုပါတယ်။

ဖုန်းအပူချိန်မြင့်တက်ပြီး Frame Rate ကျတာကို Good Bye လို့ ပြောနိုင်ဖို့ဆိုတာ လူငယ်ဂိမ်းသမားတိုင်းရဲ့ ဆန္ဒပဲ မဟုတ်လား။ ဒီပြဿနာတွေ မရှိမှသာ နောက်တစ်ဆင့် မြင့်မားတဲ့ Gaming အတွေ့အကြုံကောင်းတွေကို ရမှာဆိုတော့ realme 13 (5G) က စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

realme ကတော့ “ဂိမ်းလောကရဲ့ ဦးဆောင်သူ” အဖြစ် ဒီ realme 13 (5G) ထွက်ပေါ်လာမယ်လို့ ရဲရဲကြီး ကြွေးကြော်နေတာကို တွေ့ရပါတယ်။ ဒီလို ကြွေးကြော်ရလောက်အောင်လည်း အမိုက်စား Feature တွေ ပါနေတာကို တွေ့ရပြန်ပါတယ်။

ဘာတွေပါလဲဆိုတော့ realme 13 (5G) မှာ Dimensity 6300 Chipset ကို သုံးထားပြီး realme ရဲ့ Flagship GT Series တွေမှာပဲတွေ့ရတဲ့ GT Mode ကိုလည်း ပထမဆုံးအနေနဲ့ realme 13 Series မှာ ထည့်သွင်းပေးလိုက်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် Optimization အပိုင်းတွေမှာ အထူးကောင်းမွန်သွားပြီးတော့ 60 FPS နှုန်းနဲ့ အတည်ငြိမ်ဆုံး ဂိမ်းဆော့နိုင်မယ်လို့ သိရပါတယ်။

ဒါတင်မကသေးပါဘူး။ အချိန်ကြာကြာ ဂိမ်းကစားရင် အပူချိန်မြင့်မားလာတဲ့ ပြဿနာကိုလည်း အဆင့်မြင့် Hardware ပိုင်းနဲ့ ဖြေရှင်းထားတယ်လို့ ဆိုပါတယ်။ အဲဒါက Stainless Stell Vapor Cooling System ကို ထည့်သွင်းအသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အပူချိန်အရမ်းမြင့်တက်လာပြီး ဂိမ်းကစားရင် ထစ်လာတာမျိုး၊ လေးလာတာမျိုး မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် Gaming ဖုန်းတစ်လုံးရဲ့ နောက်ထပ် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်တဲ့ Refresh Rate အတွက်လည်း FHD+ 120Hz Eye Comfort Display ကို သုံးထားပါသေးတယ်။ ဒါကြောင့် မျက်နှာပြင် တုံ့ပြန်မှုက မြန်ဆန်ချောမွေ့နေတဲ့အပြင် ကြည်လင်တောက်ရှင်းတဲ့ မြင်ကွင်းအာရုံကိုလည်း ရရှိမှာပါ။ ပြီးတော့ ဖုန်းကြာကြာကြည့်လို့ မျက်လုံးထိခိုက်တာမျိုးလည်း မဖြစ်ဘဲ မျက်လုံးကို သက်သောင့်သက်သာ ရှိစေမယ်လို့ သိရပါတယ်။

Media release: realme