Nokia ဟာ မကြာခင် ကျင်းပသွားတော့မယ့် Mobile World Congress ပွဲမှာ Nokia 7 Plus စမတ်ဖုန်းအပြင် Budget ဖုန်းတစ်ခုဖြစ်တဲ့ Nokia 1 စမတ်ဖုန်းကိုပါ ထုတ်ပြသွားမှာဖြစ်ပါတယ်။ Nokia ဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ၉၉ ဒေါ်လာတန် Nokia 2 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့သေးတဲ့အတွက် အခုထွက်ရှိမယ့် Nokia 1 စမတ်ဖုန်းဟာ ဒေါ်လာ ၁၀၀ အောက် တန်ဖိုးသင့်စမတ်ဖုန်းတစ်ခုဖြစ်လာမှာပါ။

လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ Nokia 1 စမတ်ဖုန်းရဲ့ Codename ကို TA-1071 လို့ ပေးထားပြီးတော့ FCC ရဲ့ အသိအမှတ်ပြုမှုရရှိသွားပြီးဖြစ်တဲ့အတွက်မကြာခင်မှာ ဈေးကွက်ထဲကို ရောင်းချဖို့ အသင့်ဖြစ်နေပြီပဲဖြစ်ပါတယ်။

အဆိုပါ Nokia 1 စမတ်ဖုန်းဟာ ဘတ်ဂျတ်စမတ်ဖုန်းတစ်ခုဖြစ်တဲ့အတွက် 5″ Display ပဲပါဝင်မှာဖြစ်ပြီးတော့ MediaTek Processor နဲ့ RAM 1GB အောက်ပါဝင်မှာဖြစ်ပြီး Android Oreo Go Edition ကို အသုံးပြုလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Nokia ကတော့ Keypad ဈေးနဲ့ တန်ဖိုးနည်း Android ဖုန်းတွေကို ထုတ်လုပ်လာတော့မှာပါ။