Nokia ဟာ ဒီနှစ်ထဲမှာ ယခင်တုန်းက Nokia ဆိုပြီး ပြန်လည်ခေါင်းမော့နိုင်တဲ့ Flagship စမတ်ဖုန်းကို ဒီနှစ် ၂၀၁၈ ခုနှစ်ထဲမှာ ထုတ်သွားဖို့ ကြံစဉ်နေတာပဲဖြစ်ပါတယ်။ အခုစမတ်ဖုန်းကိုတော့ လာမယ့် ၈ လပိုင်းလောက်မှာ ထုတ်လုပ်သွားဖို့ ကြိုးစားနေတယ်လို့ သိရပြီး Nokia 10 လို့ ခေါ်ဆိုမှာဖြစ်ပါတယ်။

Nokia ဟာ အဆိုပါ Nokia 10 စမတ်ဖုန်းကို လက်ရှိမှာ အကောင်းဆုံး Processor ဖြစ်တဲ့ Qualcomm Snapdragon 845 Processor ၊ RAM 8GB တွေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး Nokia ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ Nokia 10 ရဲ့ စွမ်းဆောင်ရည်က အဓိကမဟုတ်ပဲ ကင်မရာပိုင်းမှာ အခြားဘယ်စမတ်ဖုန်းမှာမှ ပါဝင်လာမှာမဟုတ်တဲ့နည်းပညာတွေကို တွေ့လာရမှာပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ နာမည်ကြီး ZEISS Lens ကနေ အဆိုပါ Nokia 10 ဖုန်းအတွက် Lens ၅ ခုထုတ်လုပ်ပေးထားတာကြောင့်ပဲဖြစ်ပါတယ်။

Nokia 10 စမတ်ဖုန်းမှာ Lens ၅ ခုပါဝင်လာမယ်ဆိုတာက ထူးဆန်းနေပြီးတော့ လက်ရှိထွက်ပေါ်လာတဲ့ Concept ပုံတွေအရတော့ Primary Camera Sensor မှာမှ ZEISS Lens ၅ ခုထဲက စိတ်ကြိုက်တစ်ခုကို လှည့်ပြီး တပ်ဆင်လို့ရအောင် ဒီဇိုင်းပြုလုပ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းကင်မရာပေမယ့် Professional DSLR Camera တွေလိုမျိုး Lens တွေကို လဲလှယ်ရိုက်ကူးရတဲ့ ခံစားမှုကိုရရှိစေမှာဖြစ်ပါတယ်။

Nokia 10 စမတ်ဖုန်းဟာ ဒီလ ၈ လပိုင်းမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် တလောက ကြားသိရတဲ့သတင်းတွေအရတော့ ကင်မရာပိုင်းအပြီးမသတ်နိုင်သေးတဲ့အတွက် ထွက်ရှိချိန်ကို အနည်းငယ်နောက်ကျမယ်လို့ သိရပါတယ်။