[Unicode]

Nokia 2.2 က ဇွန်လမှာ ဈေးကွက်ထဲရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မီဒီယာတွေက Nokia 2.3 အကြောင်းကို ဆက်ပြီးပြောလာကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်မှာ Nokia 2.3 အကြောင်း သတင်းပေါက်ကြားမှုတွေစပြီး ဖြစ်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Nokia 2.3 ကို တရားဝင်ကြေညာလိုက်ပါပြီ။

Nokia 2.3 ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် Budget Android One စမတ်ဖုန်း ဖြစ်လာပါတယ်။ ဈေးနှုန်းအားဖြင့် €109 နဲ့ပဲရောင်းတာဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆို ၁ သိန်း ၈ သောင်းဝန်းကျင်ပဲ ကျသင့်တာပါ။ ဒီလိုမျိုး ဈေးနှုန်းချိုသာလွန်းတဲ့ စမတ်ဖုန်းက 2 days battery life နဲ့လို့ပြောလိုက်ရင် ပိုပြီးစိတ်ဝင်စားသွားမယ်ထင်ပါတယ်။

Nokia 2.3 ဟာ ရိုးရှင်းတဲ့ဒီဇိုင်းနဲ့တည်ဆောက်ထားပြီး 6.2-inch, 720p မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ Bezels တွေက မကျဉ်းမြောင်းဘူးဆိုပေမယ့် ရုပ်ပျက်လောက်အောင်လည်း ကြီးနေတာမျိုးမဟုတ်ပါဘူး။ Waterdrop Notch နဲ့ Selfie ကင်မရာတစ်လုံးကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဘေးဘက်မှာ Google Assistant ခလုတ်လည်း ပါဝင်နေပါတယ်။

Nokia 2.3 မှာ MediaTek Helio A22 Chipset နဲ့ 2GB of RAM တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုကတော့ 32GB အထိပေးထားတာပါ။ ကျောဘက်မှာ 13MP f/2.2 အဓိကကင်မရာနဲ့ 2MP depth sensor တို့ကို တွဲဖက်ပေးထားပါတယ်။ Selfie ကတော့ 5MP f/2.4 ပါ။ လက်ဗွေဖတ်စနစ်တော့ မထောက်ပံ့ထားပါဘူး။

ဘက်ထရီကတော့ 4000mAh ပမာဏဖြစ်ပြီး Nokia ကတော့ ဒီပမာဏနဲ့ဆိုရင် ၂ ရက်အထိ အသုံးခံတယ်လို့ အခိုင်အမာ ပြောထားပါတယ်။ အမြန်အားသွင်းစနစ် မပါဝင်ဘဲ 5W Charging ပဲ ထောက်ပံ့ပေးထားပါတယ်။ Android One ဖြစ်ပြီး Nokia ကတော့ နောက်ထပ် ၂ နှစ်အထိ Android updates ပေးဖို့ အာမခံထားပါတယ်။ လစဉ် Security updates တွေကတော့ ၃ နှစ်ကြာတဲ့အထိ ပေးသွားမှာပါ။

Ref: GSM Arena

[Zawgyi]

၂ သိန္းမျပည့္တဲ့ ေဈးႏႈန္းနဲ႔ Nokia 2.3 ကို ေၾကညာလိုက္ၿပီ

Nokia 2.2 က ဇြန္လမွာ ေဈးကြက္ထဲေရာက္လာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ မီဒီယာေတြက Nokia 2.3 အေၾကာင္းကို ဆက္ၿပီးေျပာလာၾကပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကုန္ပိုင္းေလာက္မွာ Nokia 2.3 အေၾကာင္း သတင္းေပါက္ၾကားမႈေတြစၿပီး ျဖစ္ခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက Nokia 2.3 ကို တရားဝင္ေၾကညာလိုက္ပါၿပီ။

Nokia 2.3 ဟာ ကုမၸဏီရဲ႕ ေနာက္ဆုံးေပၚ Budget Android One စမတ္ဖုန္း ျဖစ္လာပါတယ္။ ေဈးႏႈန္းအားျဖင့္ €109 နဲ႔ပဲေရာင္းတာျဖစ္ပါတယ္။ ျမန္မာေငြနဲ႔ဆို ၁ သိန္း ၈ ေသာင္းဝန္းက်င္ပဲ က်သင့္တာပါ။ ဒီလိုမ်ိဳး ေဈးႏႈန္းခ်ိဳသာလြန္းတဲ့ စမတ္ဖုန္းက 2 days battery life နဲ႔လို႔ေျပာလိုက္ရင္ ပိုၿပီးစိတ္ဝင္စားသြားမယ္ထင္ပါတယ္။

Nokia 2.3 ဟာ ႐ိုးရွင္းတဲ့ဒီဇိုင္းနဲ႔တည္ေဆာက္ထားၿပီး 6.2-inch, 720p မ်က္ႏွာျပင္နဲ႔ျဖစ္ပါတယ္။ Bezels ေတြက မက်ဥ္းေျမာင္းဘူးဆိုေပမယ့္ ႐ုပ္ပ်က္ေလာက္ေအာင္လည္း ႀကီးေနတာမ်ိဳးမဟုတ္ပါဘူး။ Waterdrop Notch နဲ႔ Selfie ကင္မရာတစ္လုံးကိုလည္း ထည့္သြင္းေပးထားပါေသးတယ္။ ေဘးဘက္မွာ Google Assistant ခလုတ္လည္း ပါဝင္ေနပါတယ္။

Nokia 2.3 မွာ MediaTek Helio A22 Chipset နဲ႔ 2GB of RAM တြဲဖက္ေပးထားပါတယ္။ သိုေလွာင္မႈကေတာ့ 32GB အထိေပးထားတာပါ။ ေက်ာဘက္မွာ 13MP f/2.2 အဓိကကင္မရာနဲ႔ 2MP depth sensor တို႔ကို တြဲဖက္ေပးထားပါတယ္။ Selfie ကေတာ့ 5MP f/2.4 ပါ။ လက္ေဗြဖတ္စနစ္ေတာ့ မေထာက္ပံ့ထားပါဘူး။

ဘက္ထရီကေတာ့ 4000mAh ပမာဏျဖစ္ၿပီး Nokia ကေတာ့ ဒီပမာဏနဲ႔ဆိုရင္ ၂ ရက္အထိ အသုံးခံတယ္လို႔ အခိုင္အမာ ေျပာထားပါတယ္။ အျမန္အားသြင္းစနစ္ မပါဝင္ဘဲ 5W Charging ပဲ ေထာက္ပံ့ေပးထားပါတယ္။ Android One ျဖစ္ၿပီး Nokia ကေတာ့ ေနာက္ထပ္ ၂ ႏွစ္အထိ Android updates ေပးဖို႔ အာမခံထားပါတယ္။ လစဥ္ Security updates ေတြကေတာ့ ၃ ႏွစ္ၾကာတဲ့အထိ ေပးသြားမွာပါ။

Ref: GSM Arena