Nokia ကနေ လက်ရှိ Nokia ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးဖြစ်လာတဲ့ Nokia 2 ဖုန်းကို ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Nokia 2 ဖုန်းက စွမ်းဆောင်ရည်ပိုင်းထက် အကြမ်းခံပြီး အချိန်အကြာကြီးသုံးဖို့အတွက်ရည်ရွယ်ပြီး ထုတ်ထားတယ်လို့ ယူဆရပါတယ်။

Nokia 2 မှာဆိုရင် Qualcomm Snapdragon 212 CPU ကိုသုံးထားပြီးတော့ Screen အနေနဲ့လည်း 5″ HD Screen ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။ Budget ဖုန်းဖြစ်ပေမယ့်လည်း Corning Gorilla Glass 3 Protection ကို အသုံးပြုထားတာဖြစ်ပါတယ်။ RM ကတော့ 1GB ပဲပါမှာဖြစ်ပြီးတော့ Storage ကလည်း 8GB ပဲပါဝင်မှာပါ။

Nokia 2 ဖုန်းမှာ ကင်မရာပိုင်းအနေနဲ့ 8MP Back Camera နဲ့ 5MP Front Camera ပါဝင်မှာဖြစ်ပါတယ်။ Nokia 2 ရဲ့ အားသာချက်ကတော့ Battery ပဲဖြစ်ပါတယ်။ 4100mAh Battery ကို ထည့်သွင်းပေးထားတဲ့အတွက် ဘယ်လိုမျိုးပဲသုံးပါစေ ၂ ရက်ကတော့ အဆင်ပြေပြေအသုံးပြုနိုင်မယ်လို့ Nokia ကပြောကြားထားပါသေးတယ်။

Nokia 2 မှာ ပုံမှန် ရေစိုတာလောက်ကို ခံနိုင်ရည်ရှိတဲ့ IP 52 Rating လည်း ပါဝင်ဦးမှာပါ။ Nokia 2 Pewter/Black, Pewter/White နဲ့ Copper/Black ဆိုတဲ့ အရောင် ၃ ရောင်နဲ့ ရရှိမှာဖြစ်ပြီးတော့ ယခုလလယ်ပိုင်းမှာ ရောင်းချသွားမယ်လို့ သိရှိရပါတယ်။ ဈေနှုန်းအနေနဲ့ ၁၁၅ ဒေါ်လာပဲရှိတဲ့အတွက် Budget ဖုန်းတွေထဲမှာ ရွေးစရာတစ်ခုတိုးလာဦးမှာပါ။