နန်းကျဘုရင်ကြီး Nokia ဟာ ဒီနှစ်အသစ်ပြန်လည်ထုတ်လုပ်ခဲ့တဲ့ သူရဲ့ Nokia ဖုန်းတွေအကုန်လုံးကို Android Version 8.0 Oreo ထုတ်ပေးသွားမယ်လို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Nokia ရဲ့ ဈေးအကြီးဆုံးဖြစ်တဲ့ Nokia 8 စမတ်ဖုန်းအတွက် Android 8.0 Oreo ကို စတင်ရရှိနေပြီဖြစ်ပြီး Mid Range ဖုန်းတွေဖြစ်တဲ့ Nokia 7 နဲ့ Nokia 6 ဖုန်းတွေအတွက်လည်း Oreo Update ရရှိအောင် စတင်ဆောင်ရွက်နေပြီလို့ ပြောကြားထားတာဖြစ်ပါတယ်။

ဒါပေမယ့် Nokia ရဲ့ အနိမ့်ဆုံးသော ဖုန်းဖြစ်တဲ့ Nokia 3 ကတော့ Android 7.0 Nougat မှာပဲရှိနေတုန်းဖြစ်ပြီး အစပိုင်းက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ Android Version 7.1.2 ကို Update လုပ်ပေးမယ်လို့ ဆိုခဲ့ပေမယ့် တကယ်ဖြစ်မလာခဲ့ပါဘူး။

ယခု ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ အောက်တိုဘာလက Update မပေးခဲ့တာက Nokia 3 ဖုန်းကို Android Version 8.0 Oreo ကိုဆောင်ရွက်နေလို့ ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Nokia 3 ဖုန်းကိုင်ဆောင်နေတဲ့သူတွေအတွက် အားတက်စရာဖြစ်ခဲ့ပြီး ငွေကျပ် ၁ သိန်းခွဲဝန်းကျင်ပဲ တန်ဖိုးရှိတဲ့ဖုန်းဖြစ်ပေမယ့် နောက်ဆုံးထွက် Android Version ကို အသုံးပြုနိုင်တော့မှာပါ။