Nokia ရဲ့ 3310 Keypad ဖုန်းဟာ ယခင်တုန်းက Nokia ဖုန်းတွေကို စွဲစွဲမြဲမြဲအသုံးပြုလာတဲ့သူတွေဆိုရင် တန်ပြီးသိနေမယ့် ဖုန်းပဲဖြစ်ပါတယ်။ အဆိုပါ Nokia 3310 Keypad ဖုန်းဟာ သူ့ခေတ်သူ့အခါက အကောင်းဆုံးဖုန်းတွေထဲမှာပါဝင်ခဲ့ပြီး အခုထိလည်း အကြမ်းခံနိုင်စွမ်းကြောင့် နာမည်ကြီးနေတုန်းပဲဖြစ်ပါတယ်။

မနှစ်ကစတင်ပြီးတော့ Nokia ကို HMD ကုမ္ပဏီကနေ လက်လွှဲရယူပြီးနောက်ပိုင်းမှာ Nokia ရဲ့ အကောင်းဆုံး Keypad ဖုန်းဖြစ်တဲ့ Nokia 3310 ဖုန်းကို အဆင့်မြှင့်တင်ပြီး 2017 Edition အနေနဲ့ ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ Nokia ကနေ အဆိုပါ Nokia 3310 2017 Edition ကို ထပ်မံ Update ပြုလုပ်ပေးဦးမယ်လို့ သိရပါတယ်။ အခုတစ်ခါ Update ပြုလုပ်တာကတော့ Network ပိုင်းနဲ့ OS ပိုင်းဖြစ်ပြီးတော့ အခုအချိန်မှာ Nokia 3310 Keypad ဖုန်းက 4G Network ကိုပါ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

အခုထပ်မံထွက်ရှိလာမယ့် Nokia 3310 Keypad ဖုန်းရဲ့ OS ကိုတော့ တရုတ်နိုင်ငံမှာအသုံးများတဲ့ Yun OS ကိုပဲ အသုံးပြုလာမယ်လို့ သိရှိရပါတယ်။