Nokia ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Android စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်နေပြီး အောင်မြင်မှုရရှိနေတာပဲဖြစ်ပါတယ်။ အခုလိုမျိုး အောင်မြင်တယ်ဆိုတာကလည်း Hardware ပိုင်းက အခြားသော စမတ်ဖုန်းတွေအားလုံးထက်ပိုကောင်းနေတယ်ဆိုတာထက် Software Update တွေက အခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ ယှဉ်ရင် အလွန်မြန်ဆန်နေလို့ပဲဖြစ်ပါတယ်။

အခုလည်း Nokia ကနေ မနှစ်ကထုတ်လုပ်ခဲ့တဲ့ Mid Range စမတ်ဖုန်းတွေဖြစ်တဲ့ Nokia 5 နဲ့ Nokia 6 စမတ်ဖုန်းတွေအားလုံးကို Android 8.1 Oreo ကို Update ပြုလုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Android 8.1 Version ဟာ နောက်ဆုံးထွက် Android Version ဖြစ်တဲ့အတွက် Nokia ကနေ Mid Range ဖုန်းတွေကိုပါ နောက်ဆုံးထွက် Android Version ကို ခံစားစေချင်ပုံပါပဲ။

ဒါတောင် Nokia က အခု Nokia 5 နဲ့ Nokia 6 စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကမှ Android 8.0 Oreo ကို Update ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အခု Update မှာ Google ရဲ့နောက်ဆုံးထွက် March Security Patches ပါဝင်လာတယ်လို့လည်းသိရပါတယ်။

ဘာပဲဖြစ်ဖြစ် Android Version Update အဖြစ်ဆုံးစမတ်ဖုန်းကို လိုချင်တယ်ဆိုရင်တော့ Nokia ဖုန်းတွေကိုပဲ ဝယ်ရမယ့်ပုံပါပဲ။