Nokia ကိုင်ဆောင်နေတဲ့သူတွေအတွက်ကတော့ ဝမ်းသာစရာသတင်းတစ်ခုပါ။ အခုအချိန်မှာ Nokia ဖုန်းတွေထဲက Mid Range ဖုန်းအမျိုးအစားတွေဖြစ်တဲ့ Nokia 3, Nokia 5 စတဲ့စမတ်ဖုန်းတွေအကုန်လုံးကို Android Version 8.0 Oreo ကို Update လုပ်ပေးမယ်လို့ ပြောကြားခဲ့ပေမယ့် ဘယ်အချိန်လို့ မပြောခဲ့တဲ့အတွက် အနည်းငယ်ဝေဝါးစရာဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်အခုအချိန်မှာတော့ Nokia ရဲ့ ဈေးနှုန်းသင့် Mid Range ဖုန်းတစ်ခုဖြစ်တဲ့ Nokia 5 အတွက် Android Version 8.0 Oreo ကို Beta Version အနေနဲ့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခုသတင်းကို HMD Company ရဲ့ CPO ဖြစ်တဲ့ Juho Sarvikas က သူ့ရဲ့ Twitter Account မှာပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Nokia 5 စမတ်ဖုန်းအတွက် Android Version 8.0 Oreo ကို Beta အနေနဲ့ ထုတ်ပေးလိုက်တဲ့အပြင် နောက်ထပ်သတင်းကောင်းတစ်ခုကိုပါ တပါတည်းကြေငြာခဲ့ပါတယ်။ အဲ့ဒါကတော့ Nokia ရဲ့ အရောင်းရဆုံးဖုန်းတစ်လုံးဖြစ်တဲ့ Nokia 6 ဖုန်းကလည်း မကြာခင် Android Version 8.0 Oreo Update ကို ရရှိမှာဖြစ်တယ်လို့ ကြေငြာခဲ့တာဖြစ်ပါတယ်။

ဒီနှုန်းအတိုင်းဆိုရင် Nokia ဖုန်းတွေအကုန်လုံးက ဒီနှစ်မကုန်ခင်မှာတင် Android Version 8.0 Oreo ကို Update ပြုလုပ်နိုင်လောက်ပြီး အခြားသော ဖုန်းထုတ်လုပ်သူတွေထက်တောင် မြန်ဆန်တယ်လို့ ပြောလို့ရမှာပါ။