အိန္ဒိယနိုင်ငံမှာရှိတဲ့ Uma Oram အမည်ရှိတဲ့ ၁၈ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ Nokia 5233 ဖုန်းနဲ့ စကားပြောဆိုနေတုန်းမှာ ဖုန်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ Oram ဟာ ဖုန်းကို အားသွင်းရင်းနဲ့ အသုံးပြုနေတာဖြစ်ပါတယ်။

ဆိုးရွားတဲ့အချက်ကတော့ အဆိုပါ ပေါက်ကွဲမှုကြောင့် Oram ဟာ အသိစိတ်လွတ်သွားပြး လက်၊ ခြေထောက်နဲ့ ရင်ဘတ်ဒဏ်ရာတွေကြောင့် ဒေသဆေးရုံကို ရောက်ရှိတဲ့အချိန်မှာ အသက်သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

Nokia 5233 စမတ်ဖုန်းဟာ ၂၀၁၀ ခုနှစ် ဇန်နဝါရီလတုန်းက ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ အခုဆိုရင် ၈ နှစ်ကျော်သက်တမ်းရှိနေပြီပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဖုန်းပေါက်ကွဲမှုတွေအတွက် ဖုန်းကုမ္ပဏီတွေက တာဝန်ယူရတာဖြစ်ပေမယ့် Nokia ကုမ္ပဏီဟာ အခုအချိန်မှာ HMD Global ကနေ ဝယ်ယူပြီးဖြစ်သလို အဆိုပါ မော်ဒယ်နိမ့်ဖုန်းတွေကို ဆက်လက်ထောက်ပံ့ပေးခြင်းမရှိတော့တဲ့အတွက် အခုကိစ္စကို ဘယ်သူတွေက တာဝန်ယူမလဲဆိုတာကတော့ မသေချာသေးပါဘူး။