Nokia ရဲ့ ပထမဆုံး Android စမတ်ဖုန်းဖြစ်တဲ့ Nokia 6 စမတ်ဖုန်းကို မနှစ်တုန်းက HMD Global ကုမ္ပဏီကနေ ထုတ်လုပ်ခဲ့တာကို မှတ်မိကြဦးမှာပါ။ အခုအချိန်မှာတော့ Nokia ကနေ Nokia 6 စမတ်ဖုန်းရဲ့ မျိုးဆက်ဖြစ်တဲ့ Nokia 6.1 ကို US မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

အခု Nokia 6.1 စမတ်ဖုန်းဟာ ၂၆၉ ဒေါ်လာနဲ့ ရောင်းချနေတာဖြစ်ပြီးတော့ ယခင် Nokia 6 စမတ်ဖုန်းနဲ့ ဈေးနှုန်းသိသိသာသာကွာခြားသွားခြင်းမရှိပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်း ပိုပြီး အဆင့်မြှင့်တင်ထားတာကိုတွေ့ရပါတယ်။

Nokia 6.1 စမတ်ဖုန်းက Qualcomm Snapdragon 630 Processor ကို အသုံးပြုထားတာဖြစ်ပြီးတော့ RAM 4GB နဲ့အတူ 32GB Storage လည်းပါဝင်မှာဖြစ်ပါတယ်။ Screen Display အနေနဲ့ကတော့ 5.5″ Full HD Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Nokia ရဲ့ နာမည်ကြီး 16MP Zeiss-branded Lens ကိုအသုံးပြုလာမှာဖြစ်ပြီး 4K Recording ကိုပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Front Selfie Camera အနေနဲ့ကတော့ 8MP Camera ပါဝင်တယ်လို့ သိရပါတယ်။

Nokia ကနေ အခု Nokia 6.1 စမတ်ဖုန်းကို Amazon နဲ့ Best Buy မှာ ဒေါ်လာ ၂၆၉ နဲ့ လာမယ့် မေလ ၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။