Nokia ကနေ မနှစ်ကအောင်မြင်ခဲ့တဲ့ Mid Range စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Nokia 6 စမတ်ဖုန်းကို ၂၀၁၈ အနေနဲ့ Update ပြုလုပ်ပြီး မနက်ဖြန်မှာ တရားဝင်ကြေငြာသွားတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တရားဝင်မကြေငြာရသေးခင်မှာတင် Nokia 6 (2018) ရဲ့ ဓါတ်ပုံတွေနဲ့ အခြားအသေးစိတ်သတင်းအချက်အလက်တွေက ပေါ်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။


အခု Nokia 6 (2018) စမတ်ဖုန်းဟာ ယခင် 2017 Model လိုပဲ 5.5″ Full HD Display ကိုပဲ ဆက်လက်အသုံးပြုလာဦးမှာဖြစ်ပြီး အစောပိုင်းက မျှော်လင့်ထားခဲ့သလိုမျိုး 18:9 Full View Display နဲ့ မဟုတ်ခဲ့ပြန်ပါဘူး။ ဒါပေမယ့်လည်း အခု 2018 Model မှာတော့ Fingerprint Sensor နေရာက ဖုန်းရဲ့  အရှေ့ဘက် Home Key မှာမဟုတ်ပဲ နောက်ကျောဘက်ကို ရောက်ရှိသွားတာကိုတွေ့ရပါတယ်။ ကင်မရာအနေနဲ့လည်း Single Camera ကိုပဲ အသုံးပြုထားဦးမှာပါ။

Nokia 6 (2018) စမတ်ဖုန်းဟာ အပြင်ပန်းအရတော့ အများအပြားပြောင်းလဲခြင်းမရှိပေမယ့် အတွင်းပိုင်းမှာတော့ RAM 4GB + ROM 32GB ၊ Snapdragon 630 CPU နဲ့ 16MP Back Camera + 8MP Front Camera တွေကြောင့် မနှစ်က Nokia 6 (2017) ထက် ပိုပြီးကောင်းမွန်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ မနက်ဖြန် Nokia ရဲ့ တရားဝင်ကြေငြာချက်ကို စောင့်လိုက်ရအောင်လား?