Nokia ရဲ့ နာမည်ကြီး Mid Range ဖုန်းတစ်လုံးဖြစ်ခဲ့တဲ့ Nokia 6 စမတ်ဖုန်းဟာ မနှစ်တုန်းက ရောင်းအားကောင်းတဲ့ Nokia စမတ်ဖုန်းတစ်လုံးဖြစ်ပြီးတော့ အဲ့ဒီဖုန်းဟာ အကုန်လုံးကောင်းမွန်ခဲ့တယ်ဆိုပေမယ့် Processor ပိုင်းကို Snapdragon 430 CPU ကိုပဲ သုံးထားတဲ့အတွက် အနည်းငယ်အားနည်းခဲ့တယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် Nokia ကနေ အခု Nokia 6 (2018) စမတ်ဖုန်းကို အသစ်ထုတ်လုပ်ခဲ့ပြီးတော့ အခု 2018 Model မှာ Snapdragon 630 CPU ကို အသုံးပြုထားတဲ့အတွက် အခုလက်ရှိ Mid Range စမတ်ဖုန်းတွေထက်တောင် ပိုပြီး စွမ်းဆောင်ရည်ကောင်းဦးမှာဖြစ်ပါတယ်။ RAM အနေနဲ့လည်း 4GB ပါဝင်မှာဖြစ်ပြီးတော့ Storage 32GB ဒါမှမဟုတ် 64GB နဲ့ ရရှိနိုင်တယ်လို့ သိရပါတယ်။

အခု Nokia 6 (2018) ဖုန်းမှာ 16MP Back Camera နဲ့ 8MP Camera ပါဝင်လာပြီး အရှေ့ရော အနောက်ရော တစ်ပြိုင်ထဲရိုက်လို့ရတဲ့ Bothie Mode ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 3000mAh Battery ပဲပါဝင်ပေမယ့် USB Type C Charging Port ကို ပြောင်းလဲအသုံးပြုလာခဲ့တာပဲဖြစ်ပါတယ်။

အခု Nokia 6 (2018) စမတ်ဖုန်းဟာ မနှစ်ကထွက်ရှိထားတဲ့ Nokia 6 စမတ်ဖုန်းနဲ့ တူညီတဲ့ 5.5″ Full HD Display ကိုပဲ အသုံးပြုထားတာပေမယ့် Fingerprint Scanner ကိုတော့ ဖုန်းရဲ့ နောက်ကျောဘက်ကို ပြောင်းထားထားတာကိုတွေ့ရပါတယ်။

အခု Nokia 6 (2018) စမတ်ဖုန်းကို 32GB Model ကို ဒေါ်လာ ၂၃၀ ဝန်းကျင်၊ 64GB Model ကို ဒေါ်လာ ၂၆၀ ဝန်းကျင်နဲ့ ရောင်းချမှာဖြစ်တဲ့အတွက် Mid Range ဖုန်းတွေထဲမှာ တော်တော်လေးကို စွမ်းဆောင်ရည်ကောင်းပြီး တန်တယ်လို့ ပြောရမှာပါ။