Nokia ကနေ အခုနှစ် ၂၀၁၈ ခုနှစ်မှာ အရင်ဆုံးစမတ်ဖုန်း ၂ မျိုးကို ထုတ်လုပ်သွားဖို့ ရှိနေပြီး အဆိုပါ စမတ်ဖုန်း ၂ မျိုးက Mid Range အမျိုးအစားဖြစ်တဲ့ Nokia 7 Plus ဖုန်းနဲ့ Entry ဖုန်းတစ်ခုဖြစ်တဲ့ Nokia 1 စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။

အခု Nokia စမတ်ဖုန်းတွေဟာ Google ရဲ့ Android One ဖုန်းတွေဖြစ်လာမှာဖြစ်ပြီးတော့ Software ပိုင်းမှာ သီးခြား Functions တွေပါဝင်မှာမဟုတ်ပဲ Google ရဲ့ Pure Android စစ်စစ်ကို အသုံးပြုရမှာဖြစ်ပါတယ်။

Nokia 7 Plus ဟာ ပထမဆုံးအနေနဲ့ 18:9 Ratio Display ကိုအသုံးပြုလာမယ့်စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ Dual Camera လည်းပါဝင်လာမှာဖြစ်ပါတယ်။ Specifications ပိုင်းအနေနဲ့ကတော့ Snapdragon 660 Processor ကို RAM 4GB နဲ့ တွဲဖက်ထားမှာပဲဖြစ်ပါတယ်။

Nokia 1 စမတ်ဖုန်းကတော့ Entry Level ဖုန်းတစ်ခုဖြစ်တဲ့အတွက် သာမန် ၄ လက်မအရွယ် Display ပါဝင်မှာဖြစ်ပြီး Fingerprint လည်း ပါဝင်မှာမဟုတ်ပါဘူး။ တစ်ခုထူးခြားတဲ့အချက်ကတော့ နောက်ကျောဘက် Cover Design က ယခင်တုန်းက Nokia ဖုန်းတွေလိုမျိုး ဖြုတ်နိုင်တဲ့ပုံစံမျိုး ပြုလုပ်ထားတာကြောင့်ပဲဖြစ်ပါတယ်။