Nokia ဟာ အခုကျင်းပတော့မယ့် Mobile World Congress – MWC 2018 ပွဲမှာ Mid Range ဖုန်းတစ်ခုဖြစ်တဲ့ Nokia 7 Plus ဖုန်းကို ပြသသွားတော့မှာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ တရားဝင်မထွက်ရှိခင်မှာပဲ Nokia ရဲ့ အခု စမတ်ဖုန်းသစ် Nokia 7 Plus ရဲ့ Hands-on ဓါတ်ပုံတွေထွက်ရှိလာပြီပဲဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ ဓါတပုံတွေအရတော့ Nokia 7 Plus ဟာ လက်ရှိ Nokia ဖုန်းတွေအားလုံးထဲမှာ ပထမဆုံးအနေနဲ့ 18:9 Ratio Display ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Nokia 7 Plus သတင်းတွေထွက်ပေါ်ခဲ့ပြီး Nokia 7 Plus ဟာ 18:9 Ratio Display အပြင် Dual Camera စနစ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Nokia 7 Plus ဖုန်းဟာ Mid Range ဖုန်းတွေထဲမှာလည်း စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ Snapdragon 660 Processor ၊ RAM 4GB ပါဝင်မှာဖြစ်ပြီးတော့ Pearl White နဲ့ Black & Orange ဆိုပြီး အရောင် ၂ မျိုးနဲ့ ထွက်ရှိလာမှာပါ။