Nokia ကနေ လက်ရှိအချိန်မှာ Nokia 7 စမတ်ဖုန်းကို ထုတ်လုပ်ထားပြီးဖြစ်ပြီးတော့ အခုအချိန်မှာ စွမ်းဆောင်ရည်ပိုင်းပိုကောင်းတဲ့ Nokia 7 Plus စမတ်ဖုန်းကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

အခု Nokia 7 Plus အကြောင်းကို Benchmark Website တစ်ခုဖြစ်တဲ့ GeekBench Website မှာတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါ Nokia 7 Plus စမတ်ဖုန်းမှာ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Processor ဖြစ်တဲ့ Snapdragon 660 Processor ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ RAM 4GB လည်းပါဝင်မှာဖြစ်ပါတယ်။

တစ်ခုထူးဆန်းတာကတော့ Nokia 7 Plus ရဲ့ အခြားသောအချက်အလက်တွေကို မသိရရှိရသေးပဲနဲ့ အခု GeekBench Website က အချက်အလက်တွေပဲ သိရှိရသေးတာဖြစ်ပါတယ်။ Nokia 7 Plus ဟာ Android Version 8.0 Oreo နဲ့ ထွက်ရှိလာမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။

Nokia က နောက်လမှာ ကျင်းပမယ့် MWC 2018 ပွဲမှာလည်း စမတ်ဖုန်းသစ်တွေကို ပြသမယ်လို့ ပြောကြားထားတဲ့အတွက် အခု Nokia 7 Plus ဖုန်းကိုလည်း MWC မှာ တွေ့မြင်ရဖွယ်ရှိပါတယ်။