Nokia ရဲ့ ဒီနှစ်မှာထွက်ရှိထားတဲ့ Nokia 6 စမတ်ဖုန်းက ဒီနှစ်အတွက် အောင်မြင်ခဲ့တဲ့ Mid Range ဖုန်းတစ်ခုလို့ပြောလို့ရပါတယ်။ ဈေးနှုန်းအနေနဲ့ မြန်မာငွေကျပ် ၃ သိန်းကျော်ပဲရှိပြီး Mid Range ဖုန်းတစ်ခုအတွက် ကောင်းမွန်တဲ့ Specification တွေအပါအဝင် ယခင်က နာမည်ကြီးခဲ့တဲ့ Nokia နာမည်ကြောင့် ဝယ်ယူအားပေးမှုများပြားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Nokia ကနေ နောက်နှစ် ၂၀၁၈ ခုနှစ်အတွက် Nokia 6 (2018) ကိုထုတ်လုပ်တော့မှာဖြစ်ပြီး လူအများသဘောကျနှစ်ခြိုက်ကြမယ့် Design နဲ့ Features တွေကို အဆင့်မြှင့်တင်တော့မယ့်ပုံပါပဲ။

ဘာဖြစ်လို့လဲဆိုရင်တော့ Nokia 6 (2018) စမတ်ဖုန်းမှာ Screen Display ကို အခုနောက်ပိုင်း လူသုံးများလာတယ့် 18:9 Ratio Screen ကို အသုံးပြုလာမှာဖြစ်ပြီး ဖုန်းရဲ့ ဘေးဘောင်တွေကလည်း ယခု Nokia 6 ဖုန်းထက်အဆများစွာပိုပြီးပါးလွှာသွားတော့မှာဖြစ်ပါတယ်။


အခုလိုမျိုး ဖုန်းရဲ့ အရှေ့ဘက်ပိုင်းကို 18:9 Screen က နေရာယူသွားမှာဖြစ်တဲ့အတွက် Fingerprint Scanner က ဖုန်းရဲ့နောက်ကျောဘက်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Dual Camera ကို အသုံးပြုသွားမှာမဟုတ်သေးပဲ Single Camera ကိုပဲ အသုံးပြုလာမှာပါ။

နောက်နှစ် ၂၀၁၈ မှာလည်း Nokia 6 (2018) စမတ်ဖုန်းကအောင်မြင်လာနိုင်မလားဆိုတာကတော့ စိတ်ဝင်စားရာပါ။