Nokia ဟာ ယခုနှစ်ပိုင်းမှာ Android စမတ်ဖုန်းဈေးကွက်ကို ဝင်ရောက်လာပြီးတော့ ထုတ်လုပ်ခဲ့တဲ့စမတ်ဖုန်းတွေရဲ့ ရောင်းအားက အမြင့်ကြီးမဟုတ်ပေမယ့်လည်း Software ပိုင်း Update ပြုလုပ်ပေးမှုကတော့ စံထားလောက်အောင်ကို မြန်ဆန်နေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာလည်း Nokia ကနေ Nokia 8 စမတ်ဖုန်းကို Android Version 8.0 Oreo Update ကို မနှစ်ထဲက Update ပြုလုပ်ပေးပြီးဖြစ်ပေမယ့် အခုအချိန်မှာတော့ Android Version 8.1 ကိုပါ ထပ်မံထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အခု Update ကို Version V4.84A လို့ နာမည်ပေးထားပြီး Android Version Update ဖြစ်သွားတဲ့အပြင် Security Patches ကိုလည်း February အထိ ပေးထားမှာဖြစ်ပါတယ်။ အခုလိုမျိုး Android 8.1 Oreo Update ရရှိတာဟာ Google Pixel ဖုန်းတွေကလွဲရင် အရင်ဆုံးရရှိတဲ့ Android ဖုန်းဖြစ်နေတာပဲဖြစ်ပါတယ်။