HMD Global ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Nokia 9 PureView စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ ပထမဆုံးသော Penta Camera Setup ပါဝင်တဲ့စမတ်ဖုန်းဖြစ်သလို HMD Global ကနေ လက်လွှဲယူပြီးနောက်ပိုင်း Nokia ရဲ့ ပထမဆုံးသော Flagship ဖုန်းလည်းဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ Nokia 9 PureView စမတ်ဖုန်းဟာ Camera ပိုင်းအပြင် Performance ၊ Design ပိုင်းအကုန်လုံးနီးပါးမှာ ဝေဖန်မှုတွေခံခဲ့ရပြီး တခြားသော Flagship ဖုန်းတွေနဲ့ယှဥ်ပြိုင်နိုင်စွမ်းမရှိဘူးလို့ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အခုလည်း HMD Global ကနေ နောက်ထပ် Flagship ဖုန်းဖြစ်လာမယ့် Nokia 9.3 PureView ကို လာမယ့် ၂၀၁၉ နှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရ အဆိုပါ Nokia 9.3 PureView ဟာ 8K Video Recording ကိုပါ Support ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာ HMD Global ကနေ 8K 30fps Video Recording Feature ကို အပြီးသတ်စမ်းသပ်နေပြီဖြစ်သလို ရလဒ်တွေကလည်း အားရဖို့ကောင်းနေတယ်ဆိုပြီး သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Pro Mode နဲ့ Night Mode လိုမျိုး Feature တွေမှာလည်း လက်ရှိတခြားသော Flagship ဖုန်းတွေထက်ပိုကောင်းအောင် အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ Nokia 9.3 PureView ဟာ လက်ရှိ Nokia ဖုန်းတွေလိုမျိုးပဲ ZEISS Lens ကို အသုံးပြုထားမယ့်အပြင် ZEISS ကုမ္ပဏီရဲ့ Exclusive Feature တွေလည်းပါဝင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Nokia 9.3 PureView စမတ်ဖုန်းဟာ ယခင်တုန်းက Nokia Flagship ဖုန်းတွေလိုမျိုး ကင်မရာပိုင်းမှာ ထူးထူးခြားခြားကွဲထွက်လာဦးမှာဖြစ်ပါတယ်။

Ref – Gizmo China