Nokia ကနေ ပြီးခဲ့တဲ့ MWC Event မှာ စမတ်ဖုန်းအချို့ကို ထုတ်ပြခဲ့ပေမယ့်လည်း Flagship စမတ်ဖုန်းတွေကိုတော့ ကြေငြာသွားခဲ့ခြင်းမရှိပါဘူး။ အခုအချိန်မှာတော့ Nokia ကနေ နောက်ပိုင်းမှာ ထုတ်လုပ်သွားမယ့် Flagship စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Nokia 9 စမတ်ဖုန်းအကြောင်းကို အနည်းငယ်ထုတ်ဖော်ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။

Nokia ဟာ ယခုနှစ်မှာ Flagship ဖုန်းတွေအနေနဲ့ Nokia 8 Pro နဲ့ Nokia 9 စမတ်ဖုန်းတွေကိုထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပြီးတော့ Nokia 9 စမတ်ဖုန်းဟာ ဒီနှစ်အတွက် Nokia ရဲ့ အကောင်ဆုံးသော စမတ်ဖုန်းဖြစ်လာမှာပဲဖြစ်ပါတယ်။

Nokia 9 ဟာ Specifications အနေနဲ့ Qualcomm Snapdragon 845 Processor ကိုအသုံးပြုလာမှာဖြစ်ပြီး In-Display Fingerprint Sensor ကိုပါ အသုံးပြုလာမယ်လို့ယူဆရပါတယ်။

အဲ့ဒီထက်ထူးခြားချက်တစ်ခုကတော့ Nokia 9 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာအကောင်းဆုံးဆိုတဲ့ ကင်မရာစွမ်းဆောင်ရည်ကို ရရှိမှာဖြစ်တယ်လို့ Nokia ကနေ ပြောကြားထားတာဖြစ်ပါတယ်။ Nokia ဟာ Nokia 9 ဖုန်းမှာ ZEISS Lens တွေကိုအသုံးပြုထားတဲ့ Penta-Lens Setup ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် ဒါကဖြစ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ Nokia ဟာ Nokia 9 စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလမှာ ပြသသွားမယ်လို့ သိရပါတယ်။