Nokia ရဲ့ လက်ရှိအချိန်မှာအကောင်းဆုံးစမတ်ဖုန်းကိုပြောပါဆိုရင် Nokia 8 စမတ်ဖုန်းကိုပဲပြောရမှာပါ။ Nokia 8 စမတ်ဖုန်းဟာ လက်ရှိအကောင်းဆုံးသော Flagship စမတ်ဖုန်းတွေထဲမှာပါဝင်တယ်ဆိုပေမယ့် အခုနှစ်မှာ ရေပန်းစားလာတဲ့ Bezel-less 18:9 Display မပါဝင်ခဲ့သလို Selfie ရိုက်ရတာကြိုက်နှစ်သက်သူတွေအတွက် Dual Selfie Camera လို Feature တွေလည်း ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် စိတ်မပူပါနဲ့။ Nokia ကုမ္ပဏီကနေ နောက်နှစ် ၂၀၁၈ ခုနှစ်အစမှာ တရားဝင်ကြေငြာတော့မယ့် Nokia 9 စမတ်ဖုန်းကတော့ နန်းကျဘုရင်ကြီးပြန်လာပြီလို့ ပြောလို့ရလောက်အောင် စွမ်းဆောင်ရည်ပိုင်းအရရော၊ ဒီဇိုင်းအရရော ထိပ်တန်းအဆင့်ရှိနေမှာဖြစ်လို့ပါ။

အခုနောက်ဆုံးသိရှိထားတဲ့သတင်းတွေအရတော့ Nokia 9 စမတ်ဖုန်းမှာ စွမ်းဆောင်ရည်ပိုင်းအတွက် အကောင်းဆုံးဖြစ်လာမယ့် Qualcomm Snapdragon 845 CPU, 6GB or 8GB RAM နဲ့ 128GB Storage တွေပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒါတင်မကသေးပဲ အခုနောက်ပိုင်း စမတ်ဖုန်းတွေလိုပဲ ဘေးဘောင်တွေအလွန်သေးငယ်တဲ့ ဒီဇိုင်းနဲ့ 5.5″ 18:9 Display ကို 2K Quad HD+ Resolution တပ်ဆင်ထားဦးမှာပါ။

ကင်မရာတွေအနေနဲ့ အနောက်ဖက်မှာ Dual Camera ကို Nokia 8 မှာ အသုံးပြုခဲ့ပြီးဖြစ်တဲ့အတွက် အခု Nokia 9 မှာလည်း Back Dual Camera ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒါထက်ထူးခြားတာကတော့ Selfie Camera ကလည်း ၂ လုံးပါဝင်မှာဖြစ်ပြီး ပုံမှန်အတိုင်း ဒါမှမဟုတ် Wide Angle နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

အခုထွက်ရှိလာမယ့် Nokia 9 စမတ်ဖုန်းဟာ Nokia Fan တွေအတွက်တော့ စိတ်လှုပ်ရှားစရာအကောင်းဆုံးစမတ်ဖုန်းတစ်ခုဖြစ်နေသလို ဈေးနှုန်းအရလည်း အခြားသောဖုန်းတွေက ဒေါ်လာ ၈၀၀ ဝန်းကျင်နဲ့ရောင်းချနေတဲ့အချိန်မှာ အခု Nokia 9 ကို ဒေါ်လာ ၅၀၀ ကျော်နဲ့ပဲ ရောင်းချသွားမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် Nokia ရဲ့ အကောင်းဆုံးဖုန်းဖြစ်လာမှာကတော့ ကျိန်းသေပါတယ်။