Nokia ကနေ လက်ရှိအကောင်းဆုံးသော Nokia 8 စမတ်ဖုန်းထက်ပိုမိုကောင်းမွန်တဲ့ဖုန်းတစ်ခုကို မကြာခင်ထုတ်ဖော်ပြသဖို့ရှိနေပါတယ်။ အဲ့ဒါကတော့ Nokia 9 စမတ်ဖုန်းပဲဖြစ်ပြီး ယခုထွက်ရှိထားတဲ့ Nokia 8 ဖုန်းထက်အများအပြားကွာခြားလာမယ်လို့ ယူဆရပါတယ်။

ဘာဖြစ်လို့လည်းဆိုရင် လက်ရှိပေါက်ကြားလာတဲ့သတင်းတွေအရ Nokia 9 ဖုန်းဟာဆိုရင် ဖုန်းရဲ့ အနောက်ကိုယ်ထည်က Metal Body အစား Glass Body ဖြစ်လာမှာဖြစ်ပြီး ဖုန်းရဲ့ အရှေ့ Display ကလည်း Samsung ဖုန်းတွေလိုမျိုးကွေးညွတ်ထားမှာဖြစ်ပါတယ်။

လောလောဆယ်သိရတဲ့ အချက်တွေကတော့ Nokia 9 ဖုန်းဟာဆိုရင် Headphone Jack တော့ ပါဝင်လာနိုင်ခြင်းမရှိတော့ပဲ IP 67 Resistant ပါဝင်လာမယ့်အတွက် ရေစိုခံလာနိုင်မှာဖြစ်ပါတယ်။ ဖုန်းနောက်ကျောကိုယ်ထည်က Glass Body ဖြစ်သွားတဲ့အတွက် Wireless Charging စနစ်လည်းပါဝင်လာမယ်လို့ ယူဆရပါတယ်။

နောက်ထပ်သေချာတာတစ်ခုကတော့ အခုနောက်ပိုင်းခေတ်စားလာတဲ့ 18:9 Ratio Display ကိုသုံးစွဲလာမှာဖြစ်ပြီး Dual Camera စနစ်နဲ့ ဖုန်းရဲ့နောက်ကျောဘက်မှာ Fingerprint Scanner ပါဝင်လာမှာဖြစ်ပါတယ်။

Nokia ကနေ Nokia 9 စမတ်ဖုန်းကို ဒီနှစ်မကုန်ခင် ထုတ်ဖော်ပြသသွားမယ်လို့ ယူဆရပေမယ့် အခုအချိန်အထိတော့ ကြေငြာမယ့်နေ့ကို အတိအကျကြေငြာသွားခြင်းမရှိသေးပါဘူး။