Nokia စမတ်ဖုန်းတွေဟာ HMD Global ကနေ လက်လွှဲယူပြီးနောက်ပိုင်းမှာ သိသိသာသာကို အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတွေထုတ်လုပ်လာတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုဆိုရင် Nokia ကို နန်းကျဘုရင်ကြီးပြန်လာပြီလို့တောင် ပြောနေကြတာပါ။

အခု Nokia ဟာ ယခုနှစ်အတွက် Flagship စမတ်ဖုန်းတစ်ခုကိုလည်း ထုတ်သွားဦးမှာဖြစ်ပြီးတော့ အဆိုပါ စမတ်ဖုန်းကို Nokia 9 လို့ နာမည်ပေးထားမယ်လို့ သိရပါတယ်။ အခုအချိန်မှာ Nokia 9 စမတ်ဖုန်းမှာ သေချာနေတဲ့အချက်တွေကတော့ Qualcomm Snapdragon 845 Processor နဲ့အတူ 5.7″ 18:9 Ratio ဘေးဘောင်ပျောက် Display ပဲဖြစ်ပြီးတော့ အခုအချိန်မှာနောက်ထပ် နည်းပညာတစ်ခုလည်း ပါဝင်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အဆိုပါ နည်းပညာကတော့ Nokia 9 စမတ်ဖုန်းဟာ လက်ရှိ Vivo စမတ်ဖုန်းတွေမှာ တွေ့ရှိရတဲ့ Under-Display Fingerprint နည်းပညာကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Vivo ကုမ္ပဏီကပဲ Under-Display Fingerprint နည်းပညာကိုဆောင်ရွက်နိုင်နေတာဖြစ်ပြီးတော့ အခုအချိန်မှာတော့ Nokia ကပါ အသုံးပြုလာတော့မှာပဲဖြစပါတယ်။