Nokia ဟာ ၂၀၁၆ ခုနှစ်ကမှ HMD Global လက်အောက်ကနေ Android စမတ်ဖုန်းဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Nokia ဟာ Nokia 2 ၊ Nokia 3 ၊ Nokia 5 ၊ Nokia 6 ၊ Nokia 7 နဲ့ Nokia 8 စမတ်ဖုန်းတွေထုတ်လုပ်ထားပြီး ဈေးကွက်ထဲမှာ နေရာ အတန်အသင့်ရယူထားပြီဖြစ်ပါတယ်။

အခု MySmartPrice က Developer တစ်ယောက်ကနေ Nokia 5 စမတ်ဖုန်းမှာ ပါဝင်တဲ့ Camera App ကို ဖြေချလိုက်ရကနေ Nokia ကုမ္ပဏီမှာ မထွက်ရှိသေးတဲ့ စမတ်ဖုန်းအသစ် ၄ မျိုးရှိနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ Nokia ရဲ့ ဖုန်းသစ် ၄ မျိုးကတော့ Nokia 9 ၊ Nokia 7 Plus ၊ Nokia 4 နဲ့ Nokia 1 တို့ပဲဖြစ်ပါတယ်။ လက်ရှိသတင်းတွေထွက်ပေါ်နေသလိုပဲ Nokia 9 စမတ်ဖုန်းကတော့ Snapdragon 845 CPU နဲ့ Dual Camera ၊ Full Screen Display တွေပါဝင်လာမယ့် အဆင့်မြင့်ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပြီး Nokia 7 Plus ကတော့ လက်ရှိထွက်ရှိထားတဲ့ Nokia 7 စမတ်ဖုန်းထက် အနည်းငယ်စွမ်းဆောင်ရည်ပိုမျိုးလာမှာဖြစ်ပြီး Nokia 4 ကတော့ Qualcomm Snapdragon 400 Series ကို အသုံးပြုလာမယ့် အနိမ့်ပိုင်းဖုန်းတစ်ခုဖြစ်လာပြီး Nokia 1 ကတော့ MediaTek CPU နဲ့ Android Oreo Go OS ကို အသုံးပြုလာမယ့် ဘတ်ဂျတ်ဖုန်းတစ်ခုဖြစ်လာမယ်လို့ ပြောလို့ရပါတယ်။

တစ်ခုထူးဆန်းတာက Nokia ကနေ အခုလို ဖုန်းသစ်တွေအစား မနှစ်က Nokia 6 ကို Update ပြုလုပ်ထားတဲ့ Nokia 6 (2018) ကိုပဲ မိတ်ဆက်သွားခဲ့တာဖြစ်ပြီး အခုပေါက်ကြားလာတဲ့ စမတ်ဖုန်းအသစ်တွေနဲ့ ပတ်သတ်ပြီး ပြောကြားသွားခြင်းမရှိခဲ့ပါဘူး။