[Zawgyi]

စမတ္ဖုန္းေလာကကေန Nokia ေပ်ာက္သြားျပီးကာမွ ခုေနာက္ပိုင္း နာမည္ျပန္ရလာခဲ့တယ္လို႔ ေျပာရမွာပါ။ ခုခ်ိန္ထိဆို Mi-Range ဖုန္းေတာ္ေတာ္မ်ားမ်ားလည္း ထုတ္ခဲ့ျပီး Feedback ေကာင္းေကာင္းနဲ႔ ေတာ္ေတာ္လည္းေရာင္းခဲ့ရတဲ့ ဖုန္းေတြပါ။

Mid-Range ပိုင္းကေန Nokia ဆိုတဲ့နာမည္ကို ျပန္ယူခဲ့ျပီး အခုေတာ့ HMD Global အေနန႔ဲ Upper-Midrange ဖုန္းေစ်းကြက္ကို လွမ္းဖို႔ စၾကိဳးစားေနပါျပီ။ ၂၀၁၉ မွာလည္း High-End ဖုနး္ေတြ မိတ္ဆက္လာဖို႔ရိွပါေသးတယ္။

ေစ်းကြက္ထဲမွာဆိုရင္ေတာ့ Nokia 3.1, Nokia 2.1 ကေန Nokia 6 ေတြအထိ ထုတ္လိုက္တဲ့ဖုန္းအမ်ားစုက Entry-Level – Mid-Range ေတြမ်ားပါတယ္။ လာမယ့္ႏွစ္မွာ High-End ဖုန္းေတြထုတ္မယ္လို႔ ေျပာထားေပမယ့္လည္း ခုခ်ိန္ထိ တိတိက်က်သိရတဲ့ သတင္းေတြေတာ့ မရိွေသးပါဘူး။

ဒါေပမယ့္ လာမယ့္ High-End ဖုန္းကေတာ့ Nokia 9 Pureview ျဖစ္ဖို႔မ်ားပါတယ္။ သူကေတာ့ ကင္မရာ ၅လံုးနဲ႔ တျခား High-End Feature ေတြပါဦးမွာျဖစ္ျပီးေတာ့ အဆန္းသစ္ဆံုးတီထြင္ႏုိင္သူေတြထဲမွာ ပါဖို႔လည္း ရည္ရြယ္ထားပံုရပါတယ္။

သူ႔ရဲ႕ ေစ်းကြက္စနစ္ကို ခ်ဲ႔ဖို႔က စမတ္ဖုန္း Accessories ေတြဘက္မွာ မ်ားမ်ားရင္းႏီွးျပီး စိတ္ခ်ရတဲ့ Customer Service မ်ိဳးတည္ေဆာက္ဖို႔လိုပါတယ္။ High-End စမတ္ဖုန္းေတြဘက္ ေျခလွည္ေ့တာ့မွာဆိုေတာ့ အျမတ္အစြန္းမ်ားမ်ားနဲ႔ ကုမၸဏီတစ္ခု ျဖစ္လာေတာ့မွာေတာ့ က်ိန္းေသပါတယ္။

Nokia အေနနဲ႔ Upper-Midrange ေစ်းကြက္မွာ ဘုရင္ျဖစ္လာႏုိင္မလား? Xiaomi ကိုေရာ ေက်ာ္ႏုိင္ပါ့မလား ?

High-End ဖုနး္ေတြေတာင္ ထုတ္ထားေသးတယ္ဆိုေတာ့ Nokia အေနနဲ႔ မထုတ္ႏုိင္စရာ မရိွပါဘူး။ ဒါေပမယ့္ Xiaomi လို ေစ်းကို တတ္ႏုိင္သမွ် သက္သာေအာင္ ထုတ္ႏုိင္တယ္ဆိုရင္ေတာ့ Nokia လည္း Xiaomi ရဲ႕ ျပိဳင္ဘက္ေကာင္းတစ္ခု ျဖစ္လာႏုိင္တယ္ဆိုတာေတာ့ က်ိန္းေသပါပဲ။

Ref: GizmoChina, GsmArena

[Unicode]

စမတ်ဖုန်းလောကကနေ Nokia ပျောက်သွားပြီးကာမှ ခုနောက်ပိုင်း နာမည်ပြန်ရလာခဲ့တယ်လို့ ပြောရမှာပါ။ ခုချိန်ထိဆို Mi-Range ဖုန်းတော်တော်များများလည်း ထုတ်ခဲ့ပြီး Feedback ကောင်းကောင်းနဲ့ တော်တော်လည်းရောင်းခဲ့ရတဲ့ ဖုန်းတွေပါ။

Mid-Range ပိုင်းကနေ Nokia ဆိုတဲ့နာမည်ကို ပြန်ယူခဲ့ပြီး အခုတော့ HMD Global အနေနဲ့ Upper-Midrange ဖုန်းဈေးကွက်ကို လှမ်းဖို့ စကြိုးစားနေပါပြီ။ ၂၀၁၉ မှာလည်း High-End ဖုန်းတွေ မိတ်ဆက်လာဖို့ရှိပါသေးတယ်။

ဈေးကွက်ထဲမှာဆိုရင်တော့ Nokia 3.1, Nokia 2.1 ကနေ Nokia 6 တွေအထိ ထုတ်လိုက်တဲ့ဖုန်းအများစုက Entry-Level – Mid-Range တွေများပါတယ်။ လာမယ့်နှစ်မှာ High-End ဖုန်းတွေထုတ်မယ်လို့ ပြောထားပေမယ့်လည်း ခုချိန်ထိ တိတိပပသိရတဲ့ သတင်းတွေတော့ မရှိသေးပါဘူး။

ဒါပေမယ့် လာမယ့် High-End ဖုန်းကတော့ Nokia 9 Pureview ဖြစ်ဖို့များပါတယ်။ သူကတော့ ကင်မရာ ၅လုံးနဲ့ တခြား High-End Feature တွေပါဦးမှာဖြစ်ပြီးတော့ အဆန်းသစ်ဆုံးတီထွင်နိုင်သူတွေထဲမှာ ပါဖို့လည်း ရည်ရွယ်ထားပုံရပါတယ်။

သူ့ရဲ့ ဈေးကွက်စနစ်ကို ချဲ့ဖို့က စမတ်ဖုန်း Accessories တွေဘက်မှာ များမာျးရင်းနှီးပြီး စိတ်ချရတဲ့ Customer Service မျိုးတည်ဆောက်ဖို့လိုပါတယ်။ High-End စမတ်ဖုန်းတွေဘက် ခြေလှည်ေ့တာ့မှာဆိုတော့ အမြတ်အစွန်းများများနဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာတော့မှာတော့ ကျိန်းသေပါတယ်။

Nokia အနေနဲ့ Upper-Midrange ဈေးကွက်မှာ ဘုရင်ဖြစ်လာနိုင်မလား? Xiaomi ကိုရော ကျော်နိုင်ပါ့မလား ?

High-End ဖုန်းတွေတောင် ထုတ်ထားသေးတယ်ဆိုတော့ Nokia အနေနဲ့ မထုတ်နိုင်စရာ မရှိပါဘူး။ ဒါပေမယ့် Xiaomi လို ဈေးကို တတ်နိုင်သမျှ သက်သာအောင် ထုတ်နိုင်တယ်ဆိုရင်တော့ Nokia လည်း Xiaomi ရဲ့ ပြိုင်ဘက်ကောင်းတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာတော့ ကျိန်းသေပါပဲ။

Ref: GizmoChina, GsmArena