Nokia ဖုန်းတွေက ယခင်ကနာမည်ကြီးခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်ပြီးတော့ အဲ့ဒီအချိန်တုန်းက Touch Screen ဖုန်းတွေမပေါ်သေးတဲ့အတွက် Keypad ဖုန်းတွေနဲ့ပဲ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Nokia ကနေ Android စနစ်သုံး Touch Screen ဖုန်းတွေနဲ့ ပြန်လည်အောင်မြင်လာပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် Nokia ကနေ အရင်တုန်းက အောင်မြင်မှုတွေရရှိခဲ့တဲ့ Nokia Keypad ဖုန်းတွေကို ပြန်လည်ယူဆောင်လာတော့မှာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Nokia ကနေ 480×480 Pixels Resolution ရှိတဲ့ 3.3″ Display ပါဝင်တဲ့အပြင် ခလုတ်တွေပါဝင်တဲ့ keypad ဖုန်းတစ်ခုကို ထုတ်လုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Nokia Keypad ဖုန်းဟာ Dual SIM, Bluetooth 4.2, FM Radio တွေပါ ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီ Nokia Keypad ဖုန်းမှာလည်း စွမ်းဆောင်ရည်မြင့်မားတဲ့ Qualcomm Snapdragon 205 CPU ကို တပ်ဆင်ထားပေးမှာဖြစ်ပါတယ်။

အဲ့ဒီ Nokia Keypad စမတ်ဖုန်းက လက်ရှိထွက်ရှိထားတဲ့ Nokia 3310 (2017) Keypad ဖုန်းကို အစားထိုးသွားမှာဖြစ်ပြီးတော့ ဈေးနှုန်းသက်သာတဲ့ နောက်ထပ် Nokia ရဲ့ Keypad ဖုန်းတစ်ခုဖြစ်လာတော့မှာပါ။