Nokia က ပြိုင်ဆိုင်မှုပြင်းထန်တဲ့ Android ဖုန်းဈေးကွက်ထဲကို Nokia 8 စမတ်ဖုန်းထုတ်ပြီး ၀င်လာဖို့ ပြင်ဆင်နေပါတယ်။

Nokia 8ရဲ့ ကိုယ်ထည်က ရိုးရိုးရှင်းရှင်းလေးနဲ့ ပြောင်လက်တောက်ပနေတဲ့ ဖုန်းပုံစံလေးဖြစ်ပြီး အကောင်းဆုံး (Flagship) ပုံစံနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။

Processor ကို Qualcomm Snapdragon 835 Processor နဲ့ပြုလုပ်ထားပြီး RAM က 4 GB ဖြစ်ပါတယ်။ ကြိုပြီး Nokia 8 စမတ်ဖုန်းကို ရရှိထားတဲ့ နည်းပညာ ၀က်ခ်ဆိုဒ်တွေကဆိုရင် Samsung Galaxy S8 နဲ့ စွမ်းဆောင်ရည် သိပ်မကွာလှဘူးလို့လည်း ဆိုထားပါတယ်။

မျက်နှာပြင်က ၅.၃ လက်မရှိပြီး HD Resolution (2560×1440 Pixels) ရှိတာကြောင့် နေပူထဲမှာတောင် စခရင်ကို ကောင်းစွာမြင်ရမှာဖြစ်ပါတယ်။

ကင်မရာ

ဖုန်းရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံးပါဝင်မှာဖြစ်ပြီး ၁ လုံးက အရောင်နဲ့ ရိုက်လို့ရပြီး တစ်လုံးက Black and White ရိုက်လို့ရမှာဖြစ်ပါတယ်။ ၂ လုံးလုံးကတော့ 13 Megapixel ပါဝင်တာကြောင့် Portrait ဓာတ်ပုံကောင်းကောင်းကို ရိုက်နိုင်မှာဖြစ်ပါတယ်။

ကင်မရာ ၂ လုံးလုံးက တခြား စမတ်ဖုန်းတွေလို HD ဗီဒီယိုအဆင့်ဘဲမဟုတ်ဘဲ 4K ဗီဒီယိုတောင် ရိုက်လို့ရနေပါပြီ။

အရှေ့ကင်မရာ

အရှေ့ကင်မရာက တခြား စမတ်ဖုန်းတွေနဲ့မတူညီတဲ့ နည်းပညာ ဆန်းသစ်မှုတွေပြုလုပ်ထားပါတယ်။

အဲ့ဒါကတော့ အရှေ့ကင်မရာနဲ့ အနောက်ကင်မရာက မြင်ရတဲ့ ပုံတွေကို ဖုန်းစခရင်ပေါ်မှာ တစ်ချိန်တည်းကြည့်နိုင်၊ရိုက်ကူးနိုင်ပါတယ်။

ကိုယ်ထည်

ဖုန်းရဲ့ ကိုယ်ထည်က သတ္တုနဲ့လုပ်ထားတာကြောင့် ပြောင်လက်တောက်ပနေပြီး စမတ်ကျအောင်ကူညီပေးနိုင်ပါတယ်။

လုံးဝရေထဲမှာစိမ်လို့ရတဲ့ဖုန်းမဟုတ်တာက တခြား ဖုန်းတွေနဲ့ယှဉ်ရင် အားနည်းချက်ဖြစ်ပြီး Splash-Proof ရေအနည်းငယ်ဘဲ စိုတာဘဲ ခံနိုင်ရည်ရှိပါတယ်။

အရှေ့ဘက်မှာ လက်ပွေရာစနစ်ပါဝင်ပြီး Android ရဲ့နောက်ဆုံး Version ဖြစ်တဲ့ Android Nougat လည်း ပါဝင်ပါတယ်။

ထုံးစံအတိုင်း အကောင်းဆုံး စမတ်ဖုန်း (Flagship)ဖုန်းဖြစ်တာကြောင့် ဈေးကတော့ ကြီးပါတယ်။ အမေရိကန်ဒေါ်လာ ၇၀၀ နဲ့ စက်တင်ဘာလမှာ ရောင်းချမှာဖြစ်ပါတယ်။