HMD က ပြင်ဆင်ရတာ လွယ်ကူပြီး ရေရှည် အသုံးခံတဲ့ 4G Nokia G22 ကို ကြေညာလိုက်ပါတယ်။ ဖုန်းရဲ့ တစ်မူထူးခြားတဲ့ အကြောင်းတွေကို အရင်ပြောပြီး Specs တွေကို နောက်မှ ပြောပြချင်ပါတယ်။

Changing the battery and display is easier on the Nokia G22

Nokia G22 ဟာ ဖုန်းကို ရေရှည်အသုံးပြုချင်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။ ဈေးကွက်သုတေသနစစ်တမ်းတွေက လူတွေ ဖုန်းအသစ်ဝယ်ရတဲ့ အဓိက အကြောင်းအရင်းက မျက်နှာပြင်ကွဲတာနဲ့ ဘက်ထရီ စွမ်းရည်ကျတာကြောင့်လို့ ပြောပါတယ်။ အဲဒီအတွက် HMD က ဖုန်း အစိတ်အပိုင်းတွေကို လွယ်ကူစွာ လဲလှယ်နိုင်အောင် ဖန်တီးပေးထားပါတယ်။

Changing the battery and display is easier on the Nokia G22

Nokia G22 မှာ ဘက်ထရီ လဲချိန်ဟာ ၅ မိနစ်လောက်ပဲ ကြာပြီး SIM Ejector နဲ့ ဝက်အူလှည့်ပဲ လိုပါတယ်။ မျက်နှာပြင်ကို လဲလှယ်တာ မိနစ် ၂၀ လောက်ပဲ ကြာပြီး Tool အနည်းငယ်ပဲ ထပ်လိုအပ်ပါတယ်။ HMD က မျက်နှာပြင်၊ အားသွင်း Port နဲ့ ဘက်ထရီတွေကို လဲလှယ်ဖို့ လိုအပ်တဲ့ Tools ၊ လမ်းညွှန်နဲ့ အစိတ်အပိုင်းတွေကို ပံ့ပိုးပေးဖို့ iFixit နဲ့ ပူးပေါင်းထားပါတယ်။ G22 ကို Authorized Service Center ဆီယူသွားပြီး လဲလှယ်မှုတွေလည်း လုပ်နိုင်ပါတယ်။

HMD Launches Affordable Nokia G22 With a Promise of Repairability - Gizmochina

Nokia က G22 ကို ပြင်ဆင်ဖို့ လိုအပ်တဲ့ အဆင့်တွေကို လျှော့ချပေးထားပြီး အနောက်ကာဗာကို ဖြုတ်ဖို့ အပူပေးစရာ မလိုသလို ဘက်ထရီကို ဖြုတ်ဖို့ အယ်လ်ကိုဟောလည်း မလိုပါဘူး။

G22 ရဲ့ အနောက်ကာဗာကို ၁၀၀ ရာခိုင်နှုန်း စွန့်ပစ် ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။

Specs အကြောင်းပြောရရင် G22 မှာ ၆.၅၂ လက်မ HD+ 90Hz မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ အရှေ့ 8MP ကင်မရာက Mask တပ်ထားပြီးတောင် Face Unlock လုပ်နိုင်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

G22 မှာ Unisoc T606 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB or 128GB Storage ပါပါတယ်။ Android 12 မောင်းနှင်ထားပြီး HMD က OS Upgrade ၂ ကြိမ်နဲ့ လုံခြုံရေး Update ၃ နှစ်ပေးမယ်လို့ ပြောတဲ့အတွက် Android 14 ရမှာပါ။

အနောက်ဘက်မှာ 50MP Main, 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 20W Wired Charging ပါတဲ့ 5,050mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Nokia G22 ကို ၁၇၉ ယူရိုနဲ့ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး အပြာနဲ့ အညိုရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena