Nokia ဖုန်းကုမ္ပဏီက ယခင်တုန်းက Samsung ၊ Huawei အစရှိတဲ့ ဖုန်းကုမ္ပဏီတွေအားလုံးအပေါ်မှာ အကောင်းဆုံးဖြစ်ခဲ့တာကို မှတ်မိကြမှာပါ။ အဲ့ဒီတုန်းက Nokia ဖုန်း Series တွေကို မှတ်မိတဲ့သူတွေရောရှိကြသေးရဲ့လား?

Nokia ရဲ့ X Series ဖုန်းတွေ Xpress Music Edition ဖုန်းတွေ၊ QWERTY Keypad နဲ့ E Series တွေမတိုင်ခင်တုန်းက Nokia N Series တွေဟာ Nokia ဖုန်းတွေအားလုံးထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ဖုန်းတွေဖြစ်ပါတယ်။ N71 ၊ N90 နဲ့ N95 လိုမျိုး ဖုန်းတွေဟာဆိုရင် အဲ့ဒီခေတ်က အလွန်တန်ဖိုးကြီးခဲ့တာပါ။

အခုလိုမျိုး Nokia က နောက်ပိုင်းမှာ စမတ်ဖုန်းတွေမထုတ်လုပ်နိုင်တော့ပဲ ရပ်ဆိုင်းသွားရာကနေ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက HMD Global ကုမ္ပဏီက ပြန်လည်ဝယ်ယူပြီးတော့ Android စနစ်သုံး Nokia စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။

အခုလိုမျိုး Nokia အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက စတင်ပြီးတော့ Nokia ရဲ့ Android OS စနစ်သုံး စမတ်ဖုန်းအသစ်တွေကို ထုတ်လုပ်လာတာက အခုအချိန်မှာ အောင်မြင်မှုရရှိလာပြီဖြစ်တဲ့အတွက် ယခင်တုန်းက အောင်မြင်ခဲ့တဲ့ Nokia Series စမတ်ဖုန်းတွေကို ပြန်လည်အသက်သွင်းချင်နေပုံပါပဲ။

Source : Nokia Weibo

ဘာဖြစ်လို့လဲဆိုရင် HMD Global ကုမ္ပဏီရဲ့ Weibo စာမျက်နှာမှာ ယခင်တုန်းက အောင်မြင်ပြီး လူကြိုက်များခဲ့တဲ့ Nokia N8 စမတ်ဖုန်းကို ပြန်လည်တင်ထားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ Nokia ဟာ လက်ရှိအချိန်မှာ ယခင်က အောင်မြင်ခဲ့တဲ့ Nokia X6 စမတ်ဖုန်းကိုလည်း Nokia X6 ဆိုတဲ့ နာမည်နဲ့ပဲ ဒီလကုန်ပိုင်းလောက်မှာ ကြေငြာသွားဦးမယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။