Nokia ကနေ ယခုနှစ်ကစတင်ပြီးတော့ Android စနစ်သုံးဖုန်းတွေပြန်လည်ထုတ်လုပ်လာပြီး အခုဆိုရင် တဖြည်းဖြည်းနဲ့အောင်မြင်မှုစတင်ရရှိလာပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခုထွက်ရှိထားတဲ့ Nokia စမတ်ဖုန်းအများစုဟာ အမြင့်ပိုင်းနဲ့ အလယ်အလတ်တန်းစားဖုန်းတွေပဲ များပြားနေပြီး ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျက်ဖုန်းတော့မရှိသေးဘူးလို့ပြောရမှာပါ။

ဒါပေမယ့် နောက်နှစ်မှာတော့ Nokia ကနေ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Nokia 1 စမတ်ဖုန်းကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ အခု Nokia 1 စမတ်ဖုန်းဟာ ပထမဆုံးသော Google ရဲ့ Android Version 8.0 Oreo ကို အဆင့်နှိမ့်ပြီး ထုတ်ထားတဲ့ Android Oreo Go Edition ကို သုံးလာတဲ့ဖုန်းတစ်ခုလည်းဖြစ်ဦးမှာပါ။

အခု Nokia စမတ်ဖုန်းမှာ Specifications တွေအနေနဲ့ RAM 1GB နဲ့ 8GB Storage ပဲပါဝင်မှာဖြစ်ပေမယ့် Android Oreo Go Edition ကို အသုံးပြုထားတဲ့အတွက်ကြောင့် Operating System က သာမန်ထက်ပိုပြီး သွက်လက်နေမှာဖြစ်ပါတယ်။

Nokia 1 စမတ်ဖုန်းကိုနောက်နှစ်အစောပိုင်းမှာတင် ရောင်းချသွားမယ်လို့ သိရပြီး ဈေးနှုန်းအနေနဲ့လည်း လွန်စွာသက်သာတဲ့ ဒေါ်လာ ၅၀ ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။ Nokia ရဲ့ ဈေးနှုန်းသက်သာတဲ့ Nokia 1 ဖုန်းကို စိတ်လှုပ်ရှားနေတဲ့သူတွေရှိကြပါသလား?