Nokia ရဲ့ Notch ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာမယ့် Nokia X စမတ်ဖုန်းဟာ လတ်တလောမှာ Mid Range စမတဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာနိုင်တယ်လို့တောင် သတင်းတွေထွက်နေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ HMD Global ကနေ Nokia X စမတ်ဖုန်းကို တရားဝင်ကြေငြာမယ့် နေ့ကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

Nokia X စမတ်ဖုန်းဟာ ယခင်တုန်းက Nokia X Series ဖုန်းတွေရဲ့ အငွေ့အသက်ကို ပြန်လည်ယူဆောင်လာပေးမယ့်အပြင် လက်ရှိ Nokia စမတ်ဖုန်းတွေထဲမှာလည်း ဒီဇိုင်းအရအကောင်းဆုံးသော စမတ်ဖုန်းတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိစမတ်ဖုန်းတွေလိုမျိုး Notch Display ပါဝင်လာမှာပါ။

အစတုန်းက Nokia X စမတ်ဖုန်းကို Nokia X16 ဆိုပြီး သတ်မှတ်နေကြပေမယ့် အခုအချိန်မှာတော့ Nokia X လို့ပဲခေါ်ဆိုတော့မယ့်ပုံပါပဲ။ ဒီဇိုင်းအရတော့ အကောင်းဆုံးဖြစ်လာပေမယ့် Specification ပိုင်းအရတော့ Mid Range အနေနဲ့ပဲ ရှိမှာဖြစ်ပါတယ်။

Nokia X စမတ်ဖုန်းက မေလ ၁၆ ရက်နေ့မှာ ထွက်ရှိမယ့်အတွက် OnePlus 6 စမတ်ဖုန်းလည်း ထွက်ရှိလာမှာဖြစ်ပါတယ်။