Nokia က အကြမ်းခံတဲ့ XR21 စမတ်ဖုန်းကို ကြေညာလိုက်ပြီး MIL-STD-810H Military-grade နဲ့ IP69K စံနှုန်း ပါပါတယ်။ IP69K ဟာ ရေနဲ့ ဖုန်တွေကို အမြင့်မားဆုံး ကာကွယ်နိုင်တဲ့ IP စံနှုန်း ဖြစ်ပါတယ်။ 9K က မြင့်မားတဲ့ ဖိအားနဲ့ မြင့်မားတဲ့ အပူချိန်ကို ခံနိုင်တယ်လို့ ရည်ညွှန်းပါတယ်။

Nokia's XR21 rugged phone goes live with IP69K certification

မျက်နှာပြင်မှာ လက်ရှိမှာ Corning ရဲ့ အမာကျောဆုံးဖြစ်တဲ့ Gorilla Glass Victus Glass Sheet ကို အသုံးပြုထားပါတယ်။ 6.49” IPS LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ လက်အိတ်၊ ရေစိုတဲ့ လက်တွေနဲ့ မျက်နှာပြင်ကို အသုံးပြုနိုင်ပါတယ်။

Nokia's XR21 rugged phone goes live with IP69K certification

Snapdragon 695 SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 64MP f/1.8 Main နဲ့ 8MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Nokia's XR21 rugged phone goes live with IP69K certification

33W Charging ထောက်ပံ့တဲ့ 4,800mAh Battery ပါလာပြီး မကောင်းတာက Android 12 ပဲ ထည့်သွင်းထားတာပါ။ Nokia က အဓိက Android OS Update ၃ ခုနဲ့ လစဉ် Security Update ၄ နှစ်ကြာပေးမယ်လို့ ကတိပေးထားပါတယ်။

Nokia XR21 အတွက် Midnight Black နဲ့ Pine Green အရောင်တွေ ထုတ်လုပ်ထားပြီး ဗြိတိန်မှာ စတာလင်ပေါင် ၄၉၉ သတ်မှတ်ထားပါတယ်။ ဇွန်လထဲ ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့်သတင်းကို မသိရသေးပါဘူး။

Ref : gsmarena