ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းတုန်းက မြောက်ကိုရီးယားဟာ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိတဲ့ Cryptocurrency တွေကို ခိုးယူခဲ့ကြောင်း ဖော်ပြခဲ့ဖူးတာကို အမှတ်ရကြမယ်ထင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အကြမ်းဆုံး၊ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့နောက် လူသိရှင်ကြားဖြစ်ခဲ့ပေမဲ့ မြောက်ကိုရီးယားကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ပဲ ငြင်းဆန်ခဲ့တာပါ။
မူလကတော့ Block analysis ကုမ္ပဏီ Chainalysis က ဖော်ထုတ်ခဲ့တာဖြစ်ပေမဲ့ အခုတစ်ကြိမ်ကတော့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ UN ရဲ့အဆိုအရ မြောက်ကိုရီးယားဟာ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအတွင်း ဒေါ်လာ သန်း၅၀ ထက်မနည်းတဲ့ Digital assets တွေကို ခိုးယူခဲ့ကြောင်းနဲ့ အခြားအရာတွေနဲ့ပေါင်းလိုက်ရင် ဒေါ်လာ သန်း ၄၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးက မြောက်ကိုရီးယားဟာ ခိုးယူရရှိထားတဲ့ Cryptocurrency တွေကို သူတို့ရဲ့ဒုံးပျံအစီအစဉ်အတွက် အသုံးချခဲ့တယ်လို့ ပြောဆိုလာတာကို တွေ့ရပါတယ်။ မြောက်ကိုရီးယားဟာ ဒီနှစ်ထဲမှာပဲ ပဲထိန်းဒုံးကျည် ခုနှစ်ကြိမ်စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး မကြာသေးခင်ကပစ်လွှတ်မှုဟာ အမြင့်ပေ ကီလိုမီတာ ၂၀၀၀ အထိရောက်ရှိပြီး ကီလိုမီတာ ၈၀၀ အကွာအဝေးကို မိနစ် ၃၀ ကြာ အချိန်အတွင်းရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Chainalysis ရဲ့ ဖော်ပြချက်အရ မြောက်ကိုရီးယား ဆိုက်ဘာရာဇဝတ်ကောင်တွေဟာ ၂၀၂၁ ခုနှစ်မှာ Cryptocurrency ပလက်ဖောင်းတွေပေါ်မှာ အနည်းဆုံး တိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ခိုးယူသူအများစုဟာ Bitcoin ကို ပစ်မှတ်ထားခြင်းမရှိပေမဲ့ Ether နဲ့ အခြားနာမည်ကြီး Cryptocurrency တွေဖြစ်တာကို တွေ့ရှိခဲ့ကြောင်း Chainalysis က ပြောပါတယ်။
Ref: Sky