သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Torghatten Nord က ကမ္ဘာ့ အကြီးဆုံး ဟိုက်ဒရိုဂျင် စွမ်းအင်သုံး သင်္ဘော ၂ စီး တည်ဆောက်ဖို့ Norwegian Myklebust Shipyard ကို ရွေးချယ်လိုက်ပါတယ်။

The largest hydrogen ships in the world will be built in Norway

အဲဒီ သင်္ဘောတွေဟာ Bodo နဲ့ Lofoten မြို့တွေကို ပြေးဆွဲပေးမှာ ဖြစ်ပြီး ပြည်တွင်းထုတ် ဟိုက်ဒရိုဂျင်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ Norwegian Ship Design ကုမ္ပဏီက သင်္ဘောတွေအတွက် ဒီဇိုင်းထုတ်ပေးမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

World's first liquid hydrogen fuel cell cruise ship planned for Norway's  fjords | Recharge

ရှည်လျားတဲ့ ခရီးမှာ ခရီးသည်တွေ ပို့ဆောင်ပေးဖို့ ရည်မှန်းထားပါတယ်။ ရာသီဥတု ဆိုးဝါးတဲ့ဒဏ်ကို ခံနိုင်အောင်လည်း တည်ဆောက်ထားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဟိုက်ဒရိုဂျင် သင်္ဘောတွေဟာ ၁၇၂ မိုင် (၂၇၈ ကီလိုမီတာ) အကွာအဝေးကို မောင်းနှင်နိုင်အောင် တည်ဆောက်ထားမှာ ဖြစ်ပါတယ်။ သင်္ဘောတွေဟာ ၁၁၇ မီတာ ရှည်လျားပြီး ကား အစီး ၁၂၀ ကို သယ်ဆောင်နိုင်ပါတယ်။ အဓိက လောင်စာ အဖြစ် ဟိုက်ဒရိုဂျင်ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ခရီးရဲ့ အကွာအဝေး အနည်းဆုံး ၈၅ ရာခိုင်နှုန်းဟာ ခက်ခဲကြမ်းတမ်းတဲ့ Arctic ရေပြင်မှာ မောင်းနှင်ရမှာ ဖြစ်ပါတယ်။

သင်္ဘောမှာ ဟိုက်ဒရိုဂျင် Storage Unit တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး အဲဒီ Fuel Cell တွေက လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲကာ သင်္ဘောကို မောင်းနှင်ပေးမှာ ဖြစ်ပါတယ်။

Ref : inceptivemind