Notch ပါတဲ့ Iphone X ကြီးစထွက်ခဲ့တုန်းက လူအများစုက သဘောမကျခဲ့ကြပါဘူး။ Full Display မှာ Notch ပါခြင်းဟာ Display အတွက် အထောက်အကူပေးနိုင်သော်လည်း လက်တွေ့သုံးစွဲရာမှာတော့ Notch ကြောင့် အဆင်မပြေမှုတွေ ဖြစ်ပေါ်တယ်ဆိုပြီး ဝေဖန်ချက်တွေရှိခဲ့ပါတယ်။ သို့ပေမဲ့ ယခုအချိန်မှာတော့ ပန်းသီးချစ်သူအချို့ဟာ Notch နဲ့နေသာကျလာပြီးလည်းဖြစ်ပါတယ်။

Source: mashable.com

ဧပြီလဟာ စမတ်ဖုန်းခရေဇီတွေအတွက်တော့ ပျော်ရွင်စရာလဖြစ်ခဲ့ပါတယ်။ မိုဘိုင်းဖုန်းကုမ္ပဏီတော်တော်များများဟာ သူတို့ရဲ့  Flagship ဖုန်းတွေကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Flagship ဖုန်းတွေတိုင်းမှာ Notch ဒီဇိုင်းတွေနဲ့ဖြစ်နေတာပါ။ ထပ်ထွက်လာဦးမယ့် Flagship Killer ဖုန်းဖြစ်တဲ့ Oneplus 6 မှာတောင် Notch ဒီဇိုင်းပါဝင်လာမှာဖြစ်ပါတယ်။ စမတ်ဖုန်း ကုမ္ပဏီတွေရဲ့ Flagship တိုင်းက Notch ဒီဇိုင်းတွေနဲ့ဖြစ်လာပါပြီ။ ထိုထဲမှာ Samsung တော့မပါဝင်ခဲ့ပါဘူး။ တောင်ကိုရီးယားနိုင်ငံအခြေစိုက် Samsung ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Galaxy S 9 မှာတော့ Notch ဒီဇိုင်းမပါဝင်လာတာကို တွေ့ရမှာပါ။

Source: www.macobserver.com

Notch ဒီဇိုင်းနဲ့ပွဲထွက်လာခဲ့တဲ့ Huawei P 20  နဲ့ မကြာမီထွက်ရှိလာမယ့် One Plus ဖုန်းတွေဟာတော့ User ကို အဓိကဦးစားပေးခဲ့ပါတယ်။ User တွေအနေနဲ့ Notch ဒီဇိုင်းကြီးကို ခံတွင်းမတွေ့လှရင် ဖျောက်ထားပေးနိုင်တဲ့ အစီအစဉ်တစ်ခုကို ဖုန်းထဲမှာ ထည့်သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းထွက်ရှိလာဦးမယ့် Vivo, Oppo တိုရဲ့ Flagship ဖုန်းတွေကလည်း Notch တွေနဲ့ဖြစ်လာနိုင်ချေရှိပါတယ်။ ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက် တရုတ်အခြေစိုက် Huawei ကုမ္ပဏီပြည်တွင်းမှာဖြန်ချိခဲ့တဲ့ Midrange ဖုန်းအမျိုးအစား Nova 3e မှာ Notch ပါဝင်လာခြင်းပါ။ လွန်ခဲ့တဲ့ နှစ်လကျော်လောက်ထိပြည်တွင်း Midrange ဈေးကွက်မှာ 18:9 Fulldisplay သာခေတ်စားတာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Midrange ဈေးကွက်မှာ Notch ဒီဇိုင်းတွေ တွင်ကျယ်လာဦးမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

Source: http://news.softpedia.com

Apple စွန့်ဦးတီထွင်ခဲ့တဲ့ Notch ဒီဇိုင်းဟာ ယနေ့ချိန်မှာတော့ တော်တော်လေးကို ခေတ်စားလာတာလည်းဖြစ်ပါတယ်။ တွင်ကျယ်လာဦးမယ် Notch ဓလေ့ပါဝင်တဲ့ စမတ်ဖုန်းတွေကိုလည်း ဆက်လက်စောင့်ကြည့်ရအောင်ဗျာ။