Nothing က အနောက်ဘက်မှာ အတွင်းဘက်ကို ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းကို အသုံးပြုထားတဲ့ Phone (2a) ကို ကြေညာလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ ထောင့်စွန်းတွေအထိ ဖောက်ထွင်းမြင်ရပြီး အနောက်ဘက် အရောင်တွေအတွက် Black , White နဲ့ Milk တွေ ထုတ်လုပ်ထားပါတယ်။

Nothing Phone (2a) is official with Dimensity 7200 Pro, Glyph design - GSMArena.com news

Nothing Phone (2a) မှာ Dimensity 7200 Pro Chip မောင်းနှင်ထားပြီး TSMC ရဲ့ 4nm Process နဲ့ တည်ဆောက်ထားပါတယ်။ Processor ဟာ 2.8GHz အမြန်နှုန်း ရှိပါတယ်။

6.78” 10-bit AMOLED 1084x2412p မျက်နှာပြင် တပ်ဆင်ထားပြီး 1,300 Nits Peak Brightness နဲ့ Variable 30-120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Android 14 အခြေပြု Nothing OS 2.5 မောင်းနှင်ထားပြီး Android Update ၃ နှစ်နဲ့ Security Update ၄ နှစ်ရမှာပါ။

Nothing Phone (2a) with Dimensity 7200 Pro and 3 Glyph strips released - an affordable yet promising mobile phone - Gizchina.com

အနောက်ဘက်မှာ 50MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာတွေက 50MP Wide Angle (OIS) နဲ့ 50MP Ultrawide တွေ ဖြစ်ပါတယ်။

Nothing Phone (2a) မှာ 5,000mAh Battery ထည့်သွင်းထားပြီး 45W Charging ပါလာကာ ၂၃ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း၊ ၅၉ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း  အားသွင်းပေးနိုင်ပါတယ်။ မတ်လ ၁၂ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပြီး 8/128GB ကို ၃၂၉ ယူရိုနဲ့ 12/256GB ကို ၃၇၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena