Nothing က ဒီလ အစမှာ စွမ်းရည်သင့် Phone (2a) ကို ကြေညာခဲ့ပြီး အခုတော့ ရောင်းချပေးလိုက်ပါပြီ။ ကုမ္ပဏီက ပထမ ၁ နာရီအတွင်း အလုံး ၆၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ပြောတဲ့အတွက် အောင်မြင်တယ်လို့ ပြောရမှာပါ။

Nothing က အဲဒီဖုန်းအတွက် Nothing OS 2.5.3 ကို ဖြန့်ချိပေးလိုက်ပြီး ကင်မရာအတွက် Ultra XDR ကို ထောက်ပံ့လာပါတယ်။ ကင်မရာ App ရဲ့ စွမ်းရည်ကို တိုးတက်အောင်ပြုလုပ်ထားပြီး HDR , Color Saturation နဲ့ အရှေ့ ကင်မရာ ကြည်လင်ပြတ်သားမှုကို အဆင့်မြှင့်ထားပါတယ်။

Background App စွမ်းရည်နဲ့ Touchscreen Experience  ပိုကောင်းလာပြီး User Interface နဲ့ Animation ကို ပြင်ဆင်ပေးထားပါတယ်။ Haptic Level Setting ကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်လာပြီး Camera, Battery နဲ့ Recorder စတဲ့ Widgets အသစ် ၃ ခု ပါလာပါတယ်။

Recorder က တစ်ဖက်လူက မသိအောင် ဖုန်း Call တွေကို ဖမ်းယူပေးနိုင်လာပြီး နိုင်ငံတချို့မှာတော့ အဲဒါဟာ ဥပဒေနဲ့ မညီပါဘူး။ ဥပမာ အနေနဲ့ အမေရိကန်ရဲ့ ပြည်နယ် ၁၁ ခုမှာ ဖုန်း Call ကို အသံဖမ်းရင် တစ်ဖက်လူကို အသိပေးရပါတယ်။ ဥရောပ၊ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်မှာလည်း အလားတူပဲ ဖြစ်ပါတယ်။

Ref : gsmarena