အရောင်းဆိုင်တွေ၊ Brand တွေနဲ့ Content Creator တွေ Non-fungible Token (NFT) တွေ အရောင်း အဝယ်ပြုလုပ်ရာမှာ ကူညီပေးနေတဲ့ Novel Commerce Inc က ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၆ သန်းရရှိပြီး ကုမ္ပဏီ တန်ကြေးဟာ ဒေါ်လာ ၂၁ သန်း ရှိလာပြီလို့ ပြောပါတယ်။

5 NFT Marketplaces that Could Beat OpenSea in 2022

နယူးယောက် စီးတီး အခြေစိုက် Novel ဟာ အရောင်းဆိုင်တွေ Code ရေးသားစရာ မလိုဘဲ NFT လို့ သိကြတဲ့ Token တွေကို ရောင်းချဖို့အတွက် ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ Novel ဟာ NFT တွေ၊ အွန်လိုင်း စတိုးတွေအတွက် Content တွေကို ဖန်တီးပေးနိုင်မယ့် သင်တန်းကို ဝန်ဆောင်မှုပေးဖို့လည်း စီစဉ်နေပါတယ်။

Indian institute launches NFT collection to be traded for free course - BusinessToday

Brands တွေဟာ Cryptocurrency , Blockchain နဲ့ တခြား နည်းပညာတွေကို အသုံးပြုတဲ့ Decentralized Internet ကို ရည်ညွှန်းတဲ့ Web3 ကို စမ်းသပ် အသုံးပြုလာနေကြပါတယ်။ တချို့ဆိုရင် Metaverse ထဲမှာ အိမ်၊ ခြံ ၊ မြေတွေကို ဝယ်ယူနေကြပြီး တချို့က Virtual World မှာ NFT တွေ ရောင်းချနေကြပါတယ်။

Novel ဟာ Brand တွေအတွက် NFT တွေ ဖန်တီးပေးနေတဲ့ တစ်ခုထဲသော ကုမ္ပဏီ မဟုတ်ပါဘူး။ Shopify Inc ကလည်း ကုမ္ပဏီတွေ သူတို့ရဲ့  စတိုးမှာ NFT တွေ တိုက်ရိုက် ရောင်းချနိုင်မယ့် အစီအစဉ်ကို စမ်းသပ်နေပါတယ်။ Novel ကိုယ်တိုင်တောင် Shopify ပလက်ဖောင်းမှာ App အဖြစ် တည်ရှိနေပါတယ်။

Ref : wsj