Google က သူ႕ရဲ႕ Wear OS ကို စမတ္ဖုန္း OS နဲ႔ ကြဲသထက္ကြဲျပားေအာင္ လုပ္ေဆာင္ေနခ်ိန္၊ အျခား စမတ္လက္ပတ္နာရီ ထုတ္လုပ္သူေတြက Smartwatch ေတြကို စမတ္ဖုန္းေတြနဲ႔ ကြာျခားေအာင္ ဖန္တီးေနခ်ိန္မွာ ZTE ရဲ႕အမွတ္တံဆိပ္အခြဲ တစ္ခုျဖစ္တဲ့ Nubia ကေတာ့ လက္ေပၚမွာ စမတ္ဖုန္းတစ္လုံးကို ဆင္ျမန္းရသလို ခံစားခ်က္မ်ဳိး ေပးႏုိင္မယ့္ စမတ္နာရီအသစ္အား IFA 2018 ပြဲမွာ ထုတ္ျပလိုက္ပါတယ္။

Nubia – Alpha လို႔အမည္ေပးထားတဲ့ အဆုိပါ စက္ပစၥည္းဟာ Android OS ေပၚ အေျခခံထားျပီး ဘယ္ OS အမ်ဳိးအစားလဲ ဆုိတာကိုေတာ့ မေၾကျငာေသးပါဘူး။ ေစ်းႏႈန္းကိုလည္း မသိရေသးေပမယ့္ ၂၀၁၈ ခုႏွစ္ အားလပ္ရက္ရာသီမွာ ေစ်းကြက္ထဲ ေရာက္လာမယ္လုိ႔ ဆုိပါတယ္။

Nubia-Alpha ဟာ တစ္ပါတည္း ထည့္သြင္းထားတဲ့ 4G ဆက္သြယ္မႈေၾကာင့္ ဖုန္းေခၚဆုိႏုိင္မယ္၊ ဗီဒီယုိ Call ေတြပါ ေျပာႏုိင္ေအာင္ ကင္မရာတစ္လုံးလည္း ပါဝင္ပါတယ္။ ကင္မရာနဲ႔ ဓါတ္ပုံလည္း ရုိက္လို႔ရမွာပါ။ သူ႕ရဲ႕ Screen ကေတာ့ ပုံမွန္ စမတ္နာရီေတြထက္ ရွည္လ်ားျပီး Curved-Screen ေတြဟာ အလုပ္ျဖစ္ေၾကာင္း အေစာပုိင္း သက္ေသတစ္ခုလည္း ျဖစ္လာႏုိင္ပါတယ္။

Smartwatch ေတြေဆာင္ရြက္ႏုိင္တဲ့ လုပ္ငန္းေတြအားလုံး လုပ္ကုိင္ႏုိင္ျပီး စမတ္ဖုန္းတစ္လုံးနဲ႔ ပိုနီးစပ္တဲ့ အေတြ႕အၾကဳံကို ေပးမယ့္ Curved-Screen နဲ႔ Nubia-Alpha ကို ႏွစ္ကုန္ပုိင္း ထြက္ရွိခါနီးအခ်ိန္က်ရင္ေတာ့ အေသးစိတ္အခ်က္အလက္ေတြကို သိလာရမွာပါ။

Ref – https://www.engadget.com/2018/09/01/nubia-a-wearable-smartphone-hands-on

Unicode

Google က သူ့ရဲ့ Wear OS ကို စမတ်ဖုန်း OS နဲ့ ကွဲသထက်ကွဲပြားအောင် လုပ်ဆောင်နေချိန်၊ အခြား စမတ်လက်ပတ်နာရီ ထုတ်လုပ်သူတွေက Smartwatch တွေကို စမတ်ဖုန်းတွေနဲ့ ကွာခြားအောင် ဖန်တီးနေချိန်မှာ ZTE ရဲ့အမှတ်တံဆိပ်အခွဲ တစ်ခုဖြစ်တဲ့ Nubia ကတော့ လက်ပေါ်မှာ စမတ်ဖုန်းတစ်လုံးကို ဆင်မြန်းရသလို ခံစားချက်မျိုး ပေးနိုင်မယ့် စမတ်နာရီအသစ်အား IFA 2018 ပွဲမှာ ထုတ်ပြလိုက်ပါတယ်။

Nubia – Alpha လို့အမည်ပေးထားတဲ့ အဆိုပါ စက်ပစ္စည်းဟာ Android OS ပေါ် အခြေခံထားပြီး ဘယ် OS အမျိုးအစားလဲ ဆိုတာကိုတော့ မကြေငြာသေးပါဘူး။ ဈေးနှုန်းကိုလည်း မသိရသေးပေမယ့် ၂၀၁၈ ခုနှစ် အားလပ်ရက်ရာသီမှာ ဈေးကွက်ထဲ ရောက်လာမယ်လို့ ဆိုပါတယ်။

Nubia-Alpha ဟာ တစ်ပါတည်း ထည့်သွင်းထားတဲ့ 4G ဆက်သွယ်မှုကြောင့် ဖုန်းခေါ်ဆိုနိုင်မယ်၊ ဗီဒီယို Call တွေပါ ပြောနိုင်အောင် ကင်မရာတစ်လုံးလည်း ပါဝင်ပါတယ်။ ကင်မရာနဲ့ ဓါတ်ပုံလည်း ရိုက်လို့ရမှာပါ။ သူ့ရဲ့ Screen ကတော့ ပုံမှန် စမတ်နာရီတွေထက် ရှည်လျားပြီး Curved-Screen တွေဟာ အလုပ်ဖြစ်ကြောင်း အစောပိုင်း သက်သေတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

Smartwatch တွေဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေအားလုံး လုပ်ကိုင်နိုင်ပြီး စမတ်ဖုန်းတစ်လုံးနဲ့ ပိုနီးစပ်တဲ့ အတွေ့အကြုံကို ပေးမယ့် Curved-Screen နဲ့ Nubia-Alpha ကို နှစ်ကုန်ပိုင်း ထွက်ရှိခါနီးအချိန်ကျရင်တော့ အသေးစိတ်အချက်အလက်တွေကို သိလာရမှာပါ။