Nvidia ကုမ္ပဏီရဲ့ ဈေးကွက် တန်ဖိုးဟာ ဗုဒ္ဓဟူးနေ့က ၅ ရာခိုင်နှုန်း တိုးတက်လာပြီး Apple ကို ကျော်တက်ကာ ကမ္ဘာ့ ဒုတိယတန်ဖိုး အကြီးဆုံးကုမ္ပဏီ ဖြစ်လာပါတယ်။ Nvidia ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃.၀၁၄ ထရီလီယမ် ဖြစ်လာပါတယ်။

AI နည်းပညာ တိုးတက်လာပြီး Meta, Alphabet, Amazon နဲ့ Microsoft တို့လို ကုမ္ပဏီကြီးတွေဟာ Nvidia ရဲ့ AI GPU Chip တွေကို များပြားစွာ ဝယ်ယူလာတဲ့အတွက် Nvidia ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃ ထရီလီယမ် ကျော်သွားတာပါ။

NVIDIA to overtake Apple? AI chipmakers' market value inches closer to iPhone-maker – Firstpost

Nvidia ရဲ့ တန်ဖိုးဟာ လွန်ခဲ့တဲ့ ၁ နှစ်က ဒေါ်လာ ၉၅၀ ဘီလီယမ်နဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်လာ ၄၀၀ ဘီလီယမ်ပဲ ရှိပါတယ်။

Apple ရဲ့ တန်ဖိုးဟာ ဗုဒ္ဓဟူးနေ့မှာ ဒေါ်လာ ၃ ထရီလီယမ် ရှိပြီး Nvidia ထက် ဒေါ်လာ ၁၅ ဘီလီယမ် နည်းပါးနေပါတယ်။ Nvidia ရဲ့ အထက်မှာ Microsoft က နံပါတ် ၁ နေရာကို ဒေါ်လာ ၃.၁၅ ထရီလီယမ်နဲ့ သိမ်းပိုက်ထားပါတယ်။

6 Reasons Why Nvidia Overtook Apple as World's Second Most Valuable Company - techovedas

AI နည်းပညာ တိုးတက်လာတာနဲ့ အမျှ AI ကို ဖန်တီးနေတဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးဟာ ကြောက်ခမန်းလိလိ မြင့်မားလာတာကို တွေ့မြင်ရပါတယ်။ Nvidia ဟာ အနာဂတ်မှာလည်း AI ကြောင့် ပိုမိုအောင်မြင်လာနိုင်ပါတယ်။

Ref : businessinsider