Redmi Note 13 Series ကို နိုင်ငံတကာမှာ ဇန်နဝါရီလထဲ ကြေညာမယ်ဆိုတာ သိထားပြီးပါပြီ။ အခုတော့ ကုမ္ပဏီက ဇန်နဝါရီလ ၄ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Redmi Note 13, Redmi Note 13 Pro နဲ့ Redmi Note 13 Pro+ တို့ကို တရုတ်မှာ စက်တင်ဘာလကတည်းက ရောင်းချထားပါတယ်။

Redmi Note 13 Pro+

Redmi Note 13 Pro+ မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး IP68 စံနှုန်း ပါတဲ့ ပထမဆုံး Redmi Note series ဖုန်း ဖြစ်လာပါတယ်။

6.67” OLED 1220x2712p မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1800 Nits Brightness ထုတ်လုပ်ပေးနိုင်ပြီး Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာနဲ့ 16MP အရှေ့ ကင်မရာ ပါပါတယ်။

MediaTek Dimensity 7200 Ultra Chipset မောင်းနှင်ထားပြီး 16GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage အထိ ထုတ်လုပ်ထားပါတယ်။ အပူချိန်ကို လျှော့ချပေးဖို့ ကြီးမားတဲ့ 4000mm2 Graphite Sheet နဲ့ VC Heat Sink ထည့်သွင်းထားပါတယ်။

Samsung’s 200MP ISOCELL HP3 returns again

အနောက်ဘက်မှာ 200MP , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 120W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

တရုတ်မှာ Redmi Note 13 Pro+ ရဲ့ 12/256GB ကို ၁,၉၉၉ ယွမ် (၂၇၃ ဒေါ်လာ)နဲ့ 16/512GB ကို ၂,၂၉၉ ယွမ် (၃၁၄ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena