နှစ်များစွာ သတင်းတွေ ပေါက်ကြားပြီးနောက် Xiaomi က ဒီလ ၂၈ ရက်နေ့မှာ လျှပ်စစ်ကား နည်းပညာကို ကြေညာမယ်လို့ တရားဝင် အတည်ပြုလိုက်ပါတယ်။ Xiaomi ရဲ့ ဝီဘို အကောင့်နဲ့ ကုမ္ပဏီရဲ့ CEO နဲ့ တည်ထောင်သူ Lei Jun က X (Twitter) မှာ ဒီသတင်းကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မကုန်ခင်လေးမှာ ကြေညာလိုက်တာ ဖြစ်ပြီး နောက်နှစ်မှာ Xiaomi ရဲ့ လျှပ်စစ်ကားတွေ ထွက်လာတော့မှာပါ။ Lei Jun မျှဝေထားတဲ့ ပိုစတာမှာ ကား ကိုယ်ထည်ကို မြင်ရပါတယ်။

Xiaomi ဟာ တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ အဖြစ် နာမည်ကြီးပြီး မကြာခင်မှာ ကားထုတ်လုပ်သူ ဖြစ်လာတော့မှာပါ။ Lei Jun ရဲ့ အရင်က အင်တာဗျူးတွေအရ Xiaomi ဟာ Tesla ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာ သေချာပါတယ်။

Xiaomi MS11 EV sedan to get 101 kWh battery for 800 km of range

Xiaomi ဟာ ဒီလ ၂၈ ရက်နေ့မှာ ကားအင်ဂျင် သတင်းအချက်အလက် အသေးစိတ်၊ AI အခြေပြု ယာဉ်မောင်း စနစ်နဲ့ ကားမော်ဒယ် ၃ မျိုးရဲ့ အရောင်တွေကို ပြောကြားနိုင်ပါတယ်။

Xiaomi ဟာ အင်ဂျင်နီယာ ၃,၄၀၀ ကျော်နဲ့ ဒေါ်လာ ၁.၄ ဘီလီယမ် ရင်းနှီးမြှပ်နှံမှုတွေနဲ့ လျှပ်စစ်ကားဈေးကွက်ကို ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီဟာ Tesla နဲ့ တရုတ် ကားထုတ်လုပ်သူတွေ ကြီးစိုးနေတဲ့ လျှပ်စစ်ကားဈေးကွက်မှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လျှပ်စစ်ကား ဈေးကွက်မှာ ဝေစု ကောင်းကောင်းရဖို့ ဆိုတာ မလွယ်ကူပါဘူး။ Xiaomi ဟာ စမတ်ဖုန်း လောကမှာလိုပဲ လျှပ်စစ်ကား လောကမှာ အောင်မြင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina