– OPPO ကနေ စစ်မှန်တဲ့ အဆင့်မြင့် လူနေမှုဘဝ အတွေ့အကြုံကို ပိုင်ဆိုင်နိုင်စေဖို့ OHealth Brand ၏ ပထမဆုံး ထုတ်ကုန်ဖြစ်တဲ့ OHealth H1 Family Health Monitor ကို ဒုတိယမြောက် Product လဲ ဖြစ်ပြီး ကိုယ်တိုင်တီထွင်ထားတဲ့ Chip လဲဖြစ်တဲ့ MariSilicon Y Bluetooth audio SoC ၊ OPPO Air Glass 2 တို့နဲ့ အတူ စတင်မိတ်ဆက်ခဲ့ပါတယ်။

– ပြည့်စုံသော တီထွင်မှုအပေါ် အခိုင်အမာ ယုံကြည်ထားတဲ့ OPPO အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မဲ့ အခွင့်အလမ်းတွေ တွင်ကျယ်လာစေဖို့ မိတ်ဖက်လုပ်ငန်းဖော်တွေနဲ့ ပိုမိုလက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

OPPO က နှစ်စဥ်ပြုလုပ်နေကျ နည်းပညာသစ် မိတ်ဆက်ပွဲ OPPO INNO DAY 2022 ကို အွန်လိုင်းကနေ တစ်ဆင့် Live ထုတ်လွှင့်ကာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် ‘Empowering a Better Future’ ဟူသော အကြောင်းအရာကို ဦးတည်ကာ အားလုံးအတွက် ကောင်းကျိုးတွေ အပြည့်အဝ ပိုင်ဆိုင်နိုင်စေမဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ရန် OPPO ကနေ Smart Entertainment, Smart Productivity, Smart Health နဲ့ Smart Learning ဟူ၍ OPPO ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ Smartt Initiatives ၄ ရပ်နဲ့ အားထုတ်မှုများကို ပြသခဲ့ပါတယ်။

OHealth H1, MariSilicon Y နဲ့ Air Glass 2 တို့နဲ့ အတူ ပိုမို အဆင့်မြင့်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ရယူလိုက်ပါ

Smart Initiatives ၄ ရပ်မှာ တစ်ခုအပါဝင်အနေနဲ့ OPPO ကနေ Smart Health Technology (အဆင့်မြင့် ကျန်းမာရေး နည်းပညာ) ရပ်ဝန်းမှာ ရင်းမြစ်များစွာကို ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်။ အသုံးပြုသူတွေအတွက် ပိုမိုကျန်းမာတဲ့ လူနေမှုဘဝကို ကူညီတည်ဆောက်ပေးရန်အတွက် OPPO ကနေ ၂၀၂၁ ခုနှစ်မှာ OPPO Health Lab ကို မိတ်ဆက်ပေးခဲ့တဲ့အပြင် ယခုနှစ်မှာလဲ ကျန်းမာရေး ထိန်းသိမ်းပေးမဲ့ အဆင့်မြင့် ဖန်တီးမှု Sub-brand တစ်ခုဖြစ်တဲ့ OHealth ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

OPPO ကနေ INNO DAY 2022 နည်းပညာသစ် မိတ်ဆက်ပွဲနေ့မှာတော့ OHealth Brand ရဲ့ ပထမဆုံး ထုတ်ကုန် ပစ္စည်းဖြစ်တဲ့ OHealth H1 Family Health Monitor ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ OHealth H1 ကျန်းမာရေးစက်ကို မိသားစုသုံးစက်အနေနဲ့ ရည်ရွယ်ကာ သွေးတွင်း အောက်စီဂျင်ပမာဏ တိုင်းတာခြင်း၊ ECG၊ နှလုံးနဲ့ အဆုတ် တိုင်းတာခြင်း၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နဲ့ အိပ်ချိန်တိုင်းတာခြင်း ဟူ၍ ကျန်းမာရေး လုပ်ဆောင်ချက် ၆ ခုလုံးကို ယင်း စက်တစ်ခုအတွင်းမှာ အားလုံးထည့်သွင်းထားပါတယ်။ OHealth H1 ကျန်းမာရေးတိုင်းတာစက်ဟာ တိကျတဲ့ အာရုံခံစနစ်နဲ့ ထိပ်တန်း ကျန်းမာရေးဆိုင်ရာ တွက်ချက်မှုတွေနဲ့ အသုံးပြုသူနဲ့ မိသားစုတစ်ခုလုံး၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်။ OHealth H1 စက်ဟာ ပုံမှန် သမားရိုးကျ ကျန်းမာရေးပစ္စည်းတွေနဲ့ မတူဘဲ အလေးချိန် 95g သာ ရှိပြီး အလွန်ပေါ့ပါးတဲ့အပြင် လှပလုံးဝန်းတဲ့ အနားသတ်တွေနဲ့ ဘဲဥပုံစံ ဒီဇိုင်း ဖန်တီးထုတ်လုပ်ထားပါတယ်။ ဒါကြောင့်မို့ အသုံးပြုသူတွေအနေနဲ့ OHealth H1 ကို မိမိနဲ့ အတူတူ နေရာတကာ လွယ်လွယ်ကူကူ သယ်ဆောင်သွားနိုင်မှာဖြစ်တော့ ပုံမှန်ကျန်းမာရေးတိုင်းတာမှုတွေကို နေ့စဥ်ပေါ့ပါးစွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

OHealth H1 ကျန်းမာရေးတိုင်းတာစက်ဟာ အသုံးပြုသူတွေ၊ ဆေးရုံတွေနဲ့ ဆေးခန်းတွေအတွက် ကျန်းမာရေး ထိန်းသိမ်းမှုတွေမှာ ပိုမို လွယ်ကူ အဆင်ပြေစေပြီး အဆင့်မြင့် ပရော်ဖက်ရှင်နယ်ကျတဲ့ ကျန်းမာရေးဆိုင်ရာ အဖြေတစ်ခု ပေးစွမ်းနိုင်ဖို့အတွက် ပေါင်းကူးတံတား တည်ဆောက်ပေးချင်တဲ့ OPPO ရဲ့ ရည်မှန်းချက်ကို အသက်ဝင်လာစေခဲ့ပြီ ဖြစ်ပါတယ်။

OPPO ကနေ ပထမဆုံး ကိုယ်တိုင် ဖန်တီးထုတ်လုပ်ခဲ့တဲ့ Imaging NPU ဖြစ်တဲ့ MariSilicon X ထွက်ရှိခဲ့ပြီးနောက်မှာတော့ အဆိုပါနည်းပညာသစ် မိတ်ဆက်ပွဲမှာ MariSilicon အမျိုးအစား ဒုတိယ ဖန်တီးမှုအနေနဲ့ The all-new MariSilicon Y Bluetooth Audio SoC ကိုလဲ မိတ်ဆက်ခဲ့ပါတယ်။ စျေးကွက်ထဲရှိ Bluetooth SoC လုပ်ဆောင်ချက်တွေထဲမှာ အမြင့်မားဆုံးဖြစ်ပြီးတော့ Bluetooth Bandwidth ကို 50% တိုးချဲ့ပေးနိုင်တဲ့ ကိုယ်ပိုင် နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ထားကာ အဆင့်မြင့် N6RF နည်းပညာအသုံးပြုထားတဲ့ ပထမဆုံး SoC တွေ အနက် တစ်ခုအပါအဝင်ဖြစ်တဲ့ MariSilicon Y Pro Bluetooth Pack ကို မိတ်ဆက်ခဲ့ပါတယ်။ MariSilicon Y မှာ အထူး URLC Codec နည်းပညာနဲ့ 590 GOPS လုပ်ဆောင်နိုင်စွမ်းရှိတဲ့ NPU တပ်ဆင်ထားကာ အသံပိုင်း 24-bit/192kHz အထိ အထူးကြည်လင်တဲ့ အသံကို ကြားစေနိုင်မှာဖြစ်ပြီး Wireless အသုံးပြုစဉ် အရည်အသွေးနဲ့ ကြိုးတပ်ဆင် အသုံးပြုတဲ့အခါ ကြားရတဲ့ အသံအတွေ့အကြုံ ကြားကွက်လပ်တွေကို ဖြည့်ဆည်း‌ပေးကာ အသံပိုင်းဆိုင်ရာ အတွေ့အကြုံသစ်များစွာ ယူဆောင်လာမှာဖြစ်ပါတယ်။ MariSilicon Y အသုံးပြုသူတွေဟာ Wireless Bluetooth Earbud နဲ့ Headphone တွေကနေ တစ်ဆင့် Digital အသံပိုင်းဆိုင်ရာ ထိပ်တန်းအရည်အသွေးကို ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

MariSilicon Y Video – https://drive.google.com/file/d/1weFOKdF27rjTmx33FU9OGsGIvRtjvxE8/view

OPPO ကနေ ဒီ နည်းပညာသစ် မိတ်ဆက်ပွဲမှာ နောက်ဆုံးပေါ် Assisted Reality Glass ဖြစ်တဲ့ OPPO Air Glass 2 ကိုလဲ မိတ်ဆက်ခဲ့ပါတယ်။ အလေးချိန် 38g သာရှိတဲ့ OPPO Air Glass 2 ဟာ လွန်စွာပေါ့ပါးပြီး အကြမ်းခံတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့အပြင် OPPO ကနေ ဖန်တီးထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး SRG အလင်းဖြာထွက်လှိုင်းထိန်းပေးတဲ့ မှန်နဲ့ တပ်ဆင်ထားပါတယ်။ ယင်း မှန်တွေဟာ အမြင်အာရုံ ထိန်းညှိပေးတာနဲ့ စိတ်တိုင်းကျ ပိုမိုပြုပြင်လုပ်လာနိုင်စေမှာ ဖြစ်ပြီး ပုံမှန် တပ်ဆင်လေ့ရှိတဲ့ မျက်မှန်တွေနဲ့ ခွဲမရအောင် ထပ်တူကျနေစေမှာဖြစ်ပါတယ်။ OPPO Air Glass 2 ဟာ ဖုန်းခေါ်ဆိုများ ပြုလုပ်နိုင်တာတွေ၊ အချိန်နှင့် တပြေးညီ ဘာသာပြန်ပေးနိုင်တာတွေ၊ တည်နေရာအခြေခံပြီး လမ်းညွှန် ပေးနိုင်တာတွေ၊ အကြားစွမ်းရည် ချို့တဲ့သူတွေအတွက် စကားသံကနေ စာအဖြစ် ပြောင်းလဲပေးတာတွေအပြင် အဆင့်မြင့်အတွေ့အကြုံများစွာကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ OPPO Air Glass 2 မျက်မှန်အသစ်ဟာ လူနဲ့ စက်ကြား ယှဥ်တွဲ လုပ်ဆောင်နိုင်ခြေအားလုံးကို သရုပ်ဖော်ဆောင်နိုင်ရန်နဲ့ Smart Initiatives ၄ ရပ်တွင် OPPO ရဲ့ နည်းပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေကို ခင်းကျင်း ပြသရန် ရည်ရွယ်ထားပါတယ်။

ပြည့်စုံသော တီထွင်မှုတွေကနေ တစ်ဆင့် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့

OPPO ရဲ့ Senior Vice President နဲ့ Chief Product Officer ဖြစ်သူ Mr. Pete Lau က “နည်းပညာရပ်ဝန်းမှာ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲလိုမျိုး ကျွန်တော်တို့ ရင်ဆိုင်ရတဲ့အခါမှာ ရှေ့ဆက်သွားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဆက်ပြီး တီထွင်ဆန်းသစ်ရင်းနဲ့ နယ်နိမိတ်အသစ်တွေကို ဖောက်ထွက်သွားဖို့ပါပဲ” ဟု ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ Brand ရဲ့ ‘Inspiration Ahead’ ဆိုတဲ့ ခံယူချက်အောက်မှာ OPPO ဟာ အားလုံးအတွက် အဆင့်မြင့်တဲ့ လူနေမှုဘဝတွေ ဖန်တီးပေးမဲ့ အဆင့်မြင့် ပစ္စည်းတွေနဲ့ နည်းပညာတွေကို စဥ်ဆက်မပြတ် တီထွင်ဖန်တီးယူဆောင်လာပေးနေအုံးမှာပါ။ အဖိုးတန်တဲ့ ဆန်းသစ်တီထွင်မှုတွေကနေ တစ်ဆင့် အဆင့်မြင့်တဲ့ အတွေ့အကြုံတွေ ဆက်ပြီး ပိုမိုရရှိလာအောင် ဖန်တီးရင်း ပိုကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်အောင် မိတ်ဖက်လုပ်ငန်းဖော်များစွာနဲ့ လက်တွဲ လုပ်ဆောင်သွားမှာပါ” ဟု ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

OPPO ဟာ ကုန်လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ကမ္ဘာ့မိတ်ဖက်လုပ်ငန်းဖော်တွေနဲ့ လက်တွဲကာ ပွင့်လင်း မြင်သာပြီး အားလုံးပါဝင်နိုင်ကာ ကြိုးပမ်းမှုရှိတဲ့ လူမှုရပ်ဝန်းတစ်ခုကို ဖန်တီးရင်း ကိုယ်ပိုင် နည်းပညာ ဂေဟစနစ် တစ်ခုကို တစိုက်မတ်မတ် တည်ဆောက်ခဲ့ပါတယ်။ OPPO ကနေ ပြုလုပ်ထားတဲ့ Platform တွေကနေ တစ်ဆင့် Developer ပေါင်း ၃၀၀,၀၀၀ ကျော်နဲ့ Creator ပေါင်း ၇၀၀,၀၀၀ တို့ဟာ ယင်းတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ပေးဝေခဲ့ပါတယ်။ OPPO ဟာ OPPO ColorOS Hackathon ကနေတစ်ဆင့် ကမ္ဘာ့ Developer တွေနဲ့ Programmer တွေကို ထောက်ပံ့ပေးကာ ဆက်သွယ်ချိတ်ဆက်မှုကို ပိုမို ခိုင်မြဲလာစေခဲ့ပါတယ်။

ယခုနှစ် မေလ မှာ OPPO ကနေ နည်းပညာဆိုင်ရာ အထူးကျွမ်းကျင်သူတွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ အတူ ပူးပေါင်းကာ နည်းပညာနဲ့ Digital ကျန်းမာရေး ဆိုင်ရာ အဖြေတွေကို ရှာဖွေဖို့အတွက် OPPO Research Institute Innovation Accelerator ကို ဖွင့်လှစ်ခဲ့ပါတယ်။ သြဂုတ်လ နှောင်းပိုင်းမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံနဲ့ ဒေသတွေကနေ ပြိုင်ပွဲဝင်ပေါင်း ၅၃၆ ဦး ယှဥ်ပြိုင်လာတဲ့ Proposal တွေအနက် ၁၀ ဦးကို OPPO ကနေ ရွေးချယ် ကြေညာခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ အဖွဲ့ ၁၀ ဖွဲ့လုံးဟာ ဆုကြေးအနေနဲ့ ဒေါ်လာ ၄၆,၀၀၀ စီ ချီးမြှင့်ခံခဲ့ရပြီး ရင်းနှီးမြုပ်နှံမှု၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့၊ စီးပွားဖြစ် လက်တွဲလုပ်ဆောင်တာတွေနဲ့ ကမ္ဘာအနှံ့ ပရိုမိုးရှင်းဆင်းပေးတာတွေ စတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ OPPO ကနေ ယင်း အဖွဲ့အားလုံးရဲ့ ယုံကြည်ချက်ကဲ့သို့ပင် နည်းပညာနဲ့ အစွမ်းကနေတစ်ဆင့် လူနေမှုဘဝမြှင့်တင်ပေးပြီး ကောင်းကျိုးတွေအတွက် ဆက်လက် ဆန်းသစ်တီထွင်သွားဖို့ ယုံကြည်မျှော်လင့်ထားပါတယ်။

OPPO အနေနဲ့ ပြည့်စုံသော တီထွင်မှုအပေါ် ထားရှိတဲ့ ယုံကြည်ချက်ကနေတစ်ဆင့် နည်းပညာ နယ်နိမိတ် အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ပြီး OHealth H1, Marisilicon Y နှင့် Air Glass 2 ကဲ့သို့ အဆင့်မြင့် အတွေ့အကြုံသစ်တွေကို ဆက်လက်ယူဆောင်လာပြီဖြစ်ပါတယ်။ OPPO ဟာ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အားလုံး ပါဝင်နိုင်စေခြင်း၊ ပိုမိုကြီးမားတဲ့ လက်တွဲလုပ်ဆောင်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းနဲ့ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ပေးစွမ်းရန် အခွင့်အလမ်းသစ်တွေ အစဥ်တစိုက် ရှာဖွေ လုပ်ဆောင်သွားရန် ကတိကဝတ်ပြုလိုက်ပါတယ်။

Press Release – OPPO