“OK Google” ဟာ Android ဟန်းဆက်တွေမှာ အသုံးပြုမှုအများဆုံးအဖြစ် သိကြပေမယ့် Smart speaker တွေ၊  Display တွေမှာလည်း လျှင်လျှင်မြန်မြန်နဲ့ တုန့်ပြန်နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် “OK Google” ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ တုန့်ပြန်နိုင်စွမ်းက မှော်ဆန်လွန်းတယ်လို့ မပြောနိုင်ပါဘူး။

“OK Google” ကို အသုံးပြုတဲ့နေရာမှာ အဆင်မပြေတာလေးတွေလည်း ကြုံတွေ့ကြရပါတယ်။ ဥပမာအားဖြင့် Sensitive သိပ်ဖြစ်လွန်းတာမျိုးပါ။ ပြောရမယ်ဆိုရင်တော့ Google Home အနေနဲ့ အသုံးပြုသူရဲ့ ပြောတာဆိုတာနဲ့ပတ်သက်ပြီး သိနားလည်မှုစွမ်းရည် ပိုတိုးတက်ဖို့ လိုနေတာပါ။

အခုတော့ “Hey Google” ရဲ့ Sensitivity setting အသစ် ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီ Setting ဟာ အသုံးပြုသူအနေနဲ့ Device တွေ ဘယ်လိုတုန့်ပြန်စေချင်လဲဆိုတာနဲ့ပတ်သက်ပြီး စိတ်ကြိုက်ချိန်ညှိထိန်းချုပ်ခွင့်ရသွားတာမျိုး ဖြစ်ပါတယ်။ Google အနေနဲ့ အစောပိုင်းကတည်းက Assistant device တွေအတွက် Hotword threshold ချိန်ညှိမှု ထည့်သွင်းပေးမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

ပိုပြီးကောင်းမွန်လာတယ်လို့ ပြောရမယ့်အချက်က Unwanted trigger တွေကို ရှောင်ရှားဖို့နဲ့ ပတ်ဝန်းကျင်ဆူညံသံတွေကြားမှာ အသုံးပြုသူအတွက် ပိုကောင်းတဲ့လုပ်ဆောင်မှုကိုဖြစ်စေမယ့် Sensitivity တိုးမြှင့်စေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ လုပ်ဆောင်ချက်ကို မကြာခင်ရရှိမယ်လို့ Google က ပြောထားပေမယ့် XDA  မှ Mishaal Rahman က ဒီလုပ်ဆောင်ချက်ကို ဖွင့်သုံးပြီး First screens ကို မျှဝေ ပြသခဲ့ပြီး ဖြစ်ပါတယ်။

Ref: Androidpolice