Sony နဲ့ Samsung လိုမျိုးပဲ Camera Sensor တွေထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ OmniVision ကနေ အခုအချိန်မှာ စမတ်ဖုန်းတွေအတွက် 64MP Sensor အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ 64MP Sensor ကို OV64C လို့ နာမည်ပေးထားပြီး 1/1.7″ Sensor အမျိုးအစားဖြစ်တဲ့အတွက် လက်ရှိ Sony IMX686 နဲ့ Samsung ISOCELL GW1 Sensor တွေနဲ့ ဆင်တူတယ်လို့ပြောရမှာပါ။

ဒီ 64MP OV64C Sensor က Pixel တစ်ခုချင်းစီအရွယ်အစားအနေနဲ့ 0.8µm ရှိမှာဖြစ်ပြီး Quad Bayer Sensor အမျိုးအစားဖြစ်တဲ့အတွက် Final Output အနေနဲ့ 1.6µm Pixel Size ရှိတဲ့ 16MP ဓါတ်ပုံတွေကို ထုတ်ပေးနိုင်မှာပါ။ OmniVision ကတော့ Quad Bayer Sensor အစား 4-cell Color Filter Array ဆိုပြီး ခေါ်ဆိုထားပါတယ်။

ထူးခြားချက်တစ်ခုအနေနဲ့ကတော့ အဆိုပါ Sensor မှာ Type 2 ၊ 2×2 Microlens PD Autofocus နည်းပညာအသစ်ကို ထည့်သွင်းထားပြီး အဆိုပါ နည်းပညာက Sony IMX700 Series Sensor အသစ်မှာပဲ ပါဝင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ OmniVision Sensor အသစ်က Low Light Autofocus ပိုင်းမှာသိသိသာသာကို ပိုမိုမြန်ဆန်လာမှာပါ။

နောက်ထပ် OmniVision OV64C Sensor ရဲ့ အားသာချက်ကတော့ 8K Video တွေကို 30fps နဲ့ ရိုက်ကူးနိုင်တာပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 4K 60fps ဒါမှမဟုတ် 4K 30fps ကိုလည်း EIS နဲ့အတူ ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခု OmniVision 64MP Sensor အသစ်က Flagship ဖုန်းတွေထက် စျေးသက်သာတဲ့ High-end ဖုန်းတွေမှာ အသုံးပြုလာနိုင်ပါတယ်။

Ref – GSM Arena