[Zawgyi]

Google Pixel ဖုန္းေတြဟာ ျပႆနာေတြ ရွိေနေပမယ့္လည္း တျဖည္းျဖည္းနဲ႔ လူႀကိဳက္မ်ား ေအာင္ျမင္လာၿပီလို႔ ဆိုရမွာပါ။ Pixel 2 ကစၿပီး တက္ရိပ္ျပလာခဲ့တာ Pixel 3 မွာ သိသာတဲ့ေျပာင္းလဲမႈကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ဒီလိုေအာင္ျမင္လာတဲ့ အေၾကာင္းရင္းထဲမွာ အရည္အေသြးျမင့္ကင္မရာနဲ႔ ဓါတ္ပုံ႐ိုက္ကူးႏိုင္မႈပိုင္းအျပင္ User Experience ေၾကာင့္လို႔လည္း ဆိုရမွာပါ။

ေဈးကြက္သုေတသနဲ႔ စစ္တမ္းေကာက္ယူတဲ့ ကုမၸဏီ CounterPoint Research ရဲ႕ ေဖာ္ျပခ်က္အရ Pixel 3 ဝယ္ယူသူ ၅ေယာက္မွာ ၁ေယာက္က iPhone သုံးစြဲေနသူ ျဖစ္ေၾကာင္းေတြ႕ခဲ့ရပါတယ္။ ဒါထက္ပိုၿပီး အံ့အားသင့္စရာေကာင္းတာက Pixel 3 ကို ဝယ္ယူသူစုစုေပါင္းရဲ႕ ၅၁ ရာခိုင္ႏႈန္းဟာ Samsung အသုံးျပဳခဲ့ၾကသူေတြ ျဖစ္တယ္လို႔ ဆိုတာပါပဲ။

တကယ္ေတာ့ Google ရဲ႕ပစ္မွတ္ဟာ iPhone အသုံးျပဳသူေတြကို Pixel ေျပာင္းသုံးဖို႔ပါပဲ။ ဒါေပမယ့္ Samsung Galaxy S7 နဲ႔ Galaxy S8 Series သုံးခဲ့သူ အမ်ားစုက Pixel ေျပာင္းသုံးလာတာကို မထင္မွတ္ဘဲ ေတြ႕လိုက္ရတာ ျဖစ္ပါတယ္။ iPhone ကေန Pixel ေျပာင္းသုံးတာကို ရာခိုင္ႏႈန္းနဲ႔ ေဖာ္ျပမယ္ဆိုရင္ ၁၈ ရာခိုင္ႏႈန္းပဲ ရွိတယ္ဆိုေပမယ့္ ဒါကလည္း Samsung ရဲ႕ေနာက္ ဒုတိယေနရာမွာ ရွိေနတာပါ။

CounterPoint Research ရဲ႕ ေဖာ္ျပမႈအရ Pixel 3 ကို ေျပာင္းသုံးၾကသူေတြထဲမွာ Samsung သုံးသူက ၅၁ ရာခိုင္ႏႈန္းနဲ႔ အမ်ားဆုံးျဖစ္ၿပီး Apple သုံးသူက ၁၈ ရာခိုင္ႏႈန္းနဲ႔ ဒုတိယ အမ်ားဆုံး ျဖစ္ပါတယ္။ တတိယအမ်ားဆုံးကေတာ့ Motorola အသုံးျပဳခဲ့သူေတြျဖစ္ၿပီး ၁၄ ရာခိုင္ႏႈန္းပါ။ အျခားအမွတ္တံဆိပ္ေတြကေတာ့ ၁၇ ရာခိုင္ႏႈန္း ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

OnePlus 6T ကိုေျပာင္းလဲအသုံးျပဳမႈလည္း ပူးတြဲေဖာ္ျပထားရာမွာ Samsung သုံးသူက ၃၇ ရာခိုင္ႏႈန္းနဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနၿပီး ဒုတိယေနရာမွာေတာ့ Apple သုံးသူေတြက ၁၆ ရာခိုင္ႏႈန္းနဲ႔ ရွိေနပါတယ္။ တတိယေနရာမွာေတာ့ LG သုံးခဲ့သူေတြျဖစ္ၿပီး အျခားအမွတ္တံဆိပ္ေတြကေတာ့ ၃၂ ရာခိုင္ႏႈန္းျဖစ္ပါတယ္။

Ref: 9To5Google

[Unicode]

Pixel 3 ဝယ်သူ ၅ယောက်မှာ ၁ ယောက်က iPhone သုံးသူဖြစ်ပြီး တစ်ဝက်ကျော်က Samsung သုံးသူဖြစ်ကြောင်းသိရ

Google Pixel ဖုန်းတွေဟာ ပြဿနာတွေ ရှိနေပေမယ့်လည်း တဖြည်းဖြည်းနဲ့ လူကြိုက်များ အောင်မြင်လာပြီလို့ ဆိုရမှာပါ။ Pixel 2 ကစပြီး တက်ရိပ်ပြလာခဲ့တာ Pixel 3 မှာ သိသာတဲ့ပြောင်းလဲမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်လာတဲ့ အကြောင်းရင်းထဲမှာ အရည်အသွေးမြင့်ကင်မရာနဲ့ ဓါတ်ပုံရိုက်ကူးနိုင်မှုပိုင်းအပြင် User Experience ကြောင့်လို့လည်း ဆိုရမှာပါ။

ဈေးကွက်သုတေသနဲ့ စစ်တမ်းကောက်ယူတဲ့ ကုမ္ပဏီ CounterPoint Research ရဲ့ ဖော်ပြချက်အရ Pixel 3 ဝယ်ယူသူ ၅ယောက်မှာ ၁ယောက်က iPhone သုံးစွဲနေသူ ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ ဒါထက်ပိုပြီး အံ့အားသင့်စရာကောင်းတာက Pixel 3 ကို ဝယ်ယူသူစုစုပေါင်းရဲ့ ၅၁ ရာခိုင်နှုန်းဟာ Samsung အသုံးပြုခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုတာပါပဲ။

တကယ်တော့ Google ရဲ့ပစ်မှတ်ဟာ iPhone အသုံးပြုသူတွေကို Pixel ပြောင်းသုံးဖို့ပါပဲ။ ဒါပေမယ့် Samsung Galaxy S7 နဲ့ Galaxy S8 Series သုံးခဲ့သူ အများစုက Pixel ပြောင်းသုံးလာတာကို မထင်မှတ်ဘဲ တွေ့လိုက်ရတာ ဖြစ်ပါတယ်။ iPhone ကနေ Pixel ပြောင်းသုံးတာကို ရာခိုင်နှုန်းနဲ့ ဖော်ပြမယ်ဆိုရင် ၁၈ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုပေမယ့် ဒါကလည်း Samsung ရဲ့နောက် ဒုတိယနေရာမှာ ရှိနေတာပါ။

CounterPoint Research ရဲ့ ဖော်ပြမှုအရ Pixel 3 ကို ပြောင်းသုံးကြသူတွေထဲမှာ Samsung သုံးသူက ၅၁ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး Apple သုံးသူက ၁၈ ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ တတိယအများဆုံးကတော့ Motorola အသုံးပြုခဲ့သူတွေဖြစ်ပြီး ၁၄ ရာခိုင်နှုန်းပါ။ အခြားအမှတ်တံဆိပ်တွေကတော့ ၁၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

OnePlus 6T ကိုပြောင်းလဲအသုံးပြုမှုလည်း ပူးတွဲဖော်ပြထားရာမှာ Samsung သုံးသူက ၃၇ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယနေရာမှာတော့ Apple သုံးသူတွေက ၁၆ ရာခိုင်နှုန်းနဲ့ ရှိနေပါတယ်။ တတိယနေရာမှာတော့ LG သုံးခဲ့သူတွေဖြစ်ပြီး အခြားအမှတ်တံဆိပ်တွေကတော့ ၃၂ ရာခိုင်နှုန်းဖြစ်ပါတယ်။

Ref: 9To5Google